Trending Now

ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံကို ပြိုကွဲအောင်ပြုလုပ်နေဟု ပင်တဂွန် အကြီးအကဲဟောင်း ဝေဖန်

Spread the love

ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံကို ပြိုကွဲအောင်ပြုလုပ်နေဟု ပင်တဂွန် အကြီးအကဲဟောင်း ဝေဖန်

EPN
နိုင်ငံတကာ၊ ဇွန် ၄

သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံကို ပြိုကွဲစေရန် ကြိုးပမ်းနေပြီး ဆန္ဒပြမှုများဖြစ်ပေါ်နေစဉ် ရင့်ကျက်မှုရှိသော ခေါင်းဆောင်မှုစွမ်းရည် မပြသနိုင်ခဲ့ဟု ပင်တဂွန် အကြီးအကဲဟောင်း ဂျင်မတ်တစ်က ပြော ကြားလိုက်သည်။

ဆီးရီးယားနိုင်ငံမှ တပ်ဖွဲ့အားလုံးရုတ်သိမ်းမည့် ဒေါ်နယ်ထရမ့်၏ အမိန့်နှင့်ပတ်သက်၍ သဘောထားကွဲ လွဲမှုကြောင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ရာထူးမှနှုတ်ထွက်ခဲ့သည့် မတ်တစ်က ဆန္ဒပြသူများကို ထောက်ခံ ကြောင်း ပြောကြားလိုက်သည်။

“ဒေါ်နယ်ထရမ့်ဟာ ကျွန်တော့်တစ်သက်မှာ အမေရိကန်နိုင်ငံကို စည်းလုံးညီညွတ်ဖို့မလုပ်ဆောင်တဲ့ ပထမဆုံးတွေ့ရှိဖူးတဲ့ သမ္မတဖြစ်ပါတယ်” ဟု The Atlantic ဂျာနယ်က အွန်လိုင်းတွင်တင်ခဲ့သည့် ထုတ်ပြန်ချက် တစ်ခုအတွင်း မတ်တစ်က ရေးသားခဲ့သည်။

“ဒီလိုလုပ်ရမယ့်အစား သူ (ဒေါ်နယ်ထရမ့်) က အမေရိကန်နိုင်ငံကို ပြိုကွဲအောင်လုပ်နေပါတယ်။” ဟု လက်ရှိသမ္မတတစ်ဉီးကို ဝေဖန်ရန် သူ့အတွက် မသင့်တော်ကြောင်း ပြောကြားခဲ့ဖူးသည့် အငြိမ်းစား ကမ်းတက် တပ်ဗိုလ်ချုပ်ကြီး မတ်တစ်က ပြောသည်။

“ကျွန်တော်တို့ ပြီးခဲ့တဲ့သုံးနှစ်အတွင်း ရင့်ကျက်တဲ့ခေါင်းဆောင်မှုမရှိတဲ့ အကျိုးဆက်တွေ ကြုံတွေ့နေရ ပါတယ်” ဟု ၄င်းက ဆိုသည်။

အမေရိကန်နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများက မြို့ကြီးအချို့တွင် အကြမ်းဖက်မှုများအဖြစ် ပြောင်းလဲသွားပြီး နောက် သမ္မတ ဒေါ်နယ်ထရမ့်က စစ်တပ်ဖြင့်ဖြိုခွင်းမည်ဟု ခြိမ်းခြောက်မှုအပေါ် သူက ဝေဖန်ခဲ့သည်။

ဆန္ဒပြမှုများက ငြိမ်းချမ်းစွာ လုပ်ဆောင်ခဲ့သော်လည်း ညအချိန်ရောက်လျင် အကြမ်းဖက်မှုများ၊ လုယက် မှုများအဖြစ် ပြောင်းလဲသွားခဲ့ကြောင်း သိရသည်။ တရားမျှတမှုရရှိရေး ဆောင်ရွက်ကြရန် ဆန္ဒပြသူများကို မတ် တစ်က တောင်းဆိုခဲ့သည်။

ဒေါ်နယ်ထမ့်က မတ်တစ်၏ပြောကြားချက်များကို တွစ်တာ၌ ပယ်ချခဲ့ပြီး သူ့အနေဖြင့် မတ်တစ်ကို အ ခြေခံအားဖြင့် ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားလိုက်သည်။

“ဘားရတ်အိုဘားမားနဲ့ ကျွန်တော့်ကြား တူညီတာတစ်ခုကတော့ ကမ္ဘာပေါ်မှာ ကိုယ့်ကိုကိုယ်အထင်ကြီး ဆုံး ဗိုလ်ချုပ်ကြီး ဂျင်မတ်တစ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာပဲဖြစ်ပါတယ်” ဟု ထရမ့်က ဆိုသည်။

အီရန်နိုင်ငံဆိုင်ရာ ရန်လိုသောအမြင်များကြောင့် အိုဘားမားက ရာထူးမှထုတ်ပယ်ခဲ့သည့် ၂-၁၃ ခုနှစ် တွင် ဂျင်မတ်တစ်မှာ အမေရိကန် ဗဟိုကွပ်ကဲရေးဌာန၏ အကြီးအကဲဖြစ်ခဲ့သည်။

–ကိုးကား–
အေအက်ဖ်ပီ
Ref; Trump trying to ‘divide’ America: ex-Pentagon chief Mattis


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။