Trending Now

ဖားကန့်မြို့နယ်တွင် လုံခြုံရေးအရ စစ်ဆေးနေစဥ် ထွက်ပြေးခဲ့သည့် PDF အဖွဲ့ဝင် အမျိုးသားနှစ်ဦးကို ပစ်ခတ်ဖမ်းဆီးရမိ

Spread the love

ဖားကန့်မြို့နယ်တွင် လုံခြုံရေးအရ စစ်ဆေးနေစဥ် ထွက်ပြေးခဲ့သည့် PDF အဖွဲ့ဝင် အမျိုးသားနှစ်ဦးကို ပစ်ခတ်ဖမ်းဆီးရမိ

EPN
ဖားကန့်၊ ဇန်နဝါရီ ၂၃

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီလ (၂၂) ရက်နေ့က နံနက်ပိုင်းခန့်က လုံခြုံရေးအရ စစ်ဆေးရာတွင် ထွက်ပြေးခဲ့သည့် PDF အဖွဲ့ဝင် အမျိုးသား (၃)ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၂ဦး အသေ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံးခင်းကျေးရွာအုပ်စု၊ ရပ်ကွက်(၄)အတွင်း စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးဆောင်ရွက်နေစဉ် မှော်စီစာကျေးရွာဘက်မှ လုံးခင်းကျေးရွာဘက်သို့ အမျိုးသား (၃)ဦး မောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးရန် တားဆီးခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြစ် လုံခြုံရေးအဖွဲ့များမှ ပစ်ခတ်ခဲ့ကြောင်း အနီးရှိ ဒေသခံတစ်ဦးကပြောသည်။

“ဖားကန့်မြို့တွင်းမှာက စစ်ဆေးရေးတွေတင်းကျပ်နေတယ်၊ မနေ့ကလည်း စစ်ဆေးရေးတွေ မနက်အစောထဲက လုပ်နေကြတာ၊ (125) တစ်စီး လူငယ် (၃)ယောက် မောင်းလာတဲ့ဆိုင်ကယ်က အစစ်မခံပဲ နောက်ပြန်လှည့်ထွက်ပြေးတာ၊ အဲ့တာနဲ့ ပစ်ခတ်လိုက်တာ၊ နှစ်ယောက်က ထိပြီးလဲကျသွားတယ်၊ တစ်ယောက်ကတော့ လွတ်သွားတယ်” ဟု ၎င်းက ဆိုသည်။

ယင်းပစ်ခတ်မှုကြောင့် အသက်(၂၀)နှစ်ခန့် အရွယ်ရှိ အမျိုသား နှစ်ဦးမှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျကာ သေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးမှာ မဇွပ်ယန်ကျေးရွာဘက်သို့ ထွက်ပြေးမောင်းနှင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသားနှစ်ဦးကို စစ်ဆေးခဲ့ရာ ၎င်းတို့၏ လွယ်အိတ်အတွင်းမှ ဖောက်ခွဲရာတွင်အသုံးပြုသည့် ဒီတိုနေတာ (၅)ခု၊ အမိုနီယမ်နိုက်ထရိတ် (၃)ပိဿာခန့်၊ လက်လုပ်မိုင်း (၂)လုံး တို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မကြာခဏ ဗုံးပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားလျှက်ရှိပြီး ဇန်နဝါရီလ ၂၁ ရက်နေ့ညနေပိုင်းကလည်း ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ အထွေထွေ အုပ်ချုပ်ရေးရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ရုံးဝင်းအတွင်းအဆောက်အဦ နေရာအချို့များနှင့် ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။