Trending Now

မြစ်ကြီးနား နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ဖလား ပိတ်ပွဲအခမ်းအနားသို့ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ချီးမြှင့်

Spread the love

မြစ်ကြီးနား နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ဖလား ပိတ်ပွဲအခမ်းအနားသို့ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ချီးမြှင့်

EPN
မြစ်ကြီးနား၊ ဇန်နဝါရီလ ၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ဖလား (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ဘောလုံးပြိုင်ပွဲ (ကွင်းကြီး) နောက်ဆုံးပွဲစဉ်ကို ဇန်နဝါရီလ (၂) ရက်နေ့ နေ့လယ် (၂)နာရီခန့်က စတင်ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်မှ တက်ရောက်ကာ ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ယင်း နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ဖလား ဘာသာရပ်အလိုက် ပြိုင်ပွဲများအဖြစ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ၊ ဘောလုံး (ကွင်းကြီး) ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲများကို (၂၀၂၂)ခုနှစ် ဒီဇင်ဘာလ (၂၃)ရက်နေ့က စတင်ကာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“အားကစားသည် အမျိုးသားရေး ဂုဏ်သိက္ခာကို မြှင့်တင် ပေးနေသကဲ့သို့၊ အားကစားဘက်မှာ အောင်မြင်မှုများသည် နိုင်ငံတော်၏ ဖွံဖြိုးတိုးတက်မှုကို ရောင်ပြန် ဟပ်စေပါတယ်။ နိုင်ငံနှင့် လူမျိုးရဲ့ ဂုဏ်သိက္ခာ အဆင့်အတန်း တိုးတက်မှုကိုလည်း ဖော်ညွှန်းနေပါတယ်။ အဲ့ဒီလို ဖြစ်လာဖို့ တက္ကသိုလ် အသီးသီးမှလည်း အားကစားလောက တိုးတက် မြင့်မားလာစေရေးအတွက်ကို တစ်ထောင့်တစ်နေရာကနေ အကောင်အထည်ဖော် ဆောင်ရွက်နေတာကို တွေ့ မြင် နေရပါတယ်” ဟု ယင်းအခမ်းအနား မိန့်ခွန်းတွင် ဝန်ကြီး ဦးတိန့်ဆောင်မှ ပြောကြားခဲ့သည်။

အဆိုပါ နည်းပညာတက္ကသိုလ်၊ ပါမောက္ခချုပ်ဖလား ဘာသာရပ်အလိုက် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဘာသာရပ် (၄)ခုမှ အသင်း (၄)သင်း၊ ဘောလုံး(ကွင်းကြီး) ပြိုင်ပွဲတွင် ဘာသာရပ် (၄)ခုမှ အသင်း (၄)သင်း၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် အလွတ်တန်း တစ်ဦးချင်းယှဉ်ပြိုင်ပွဲများကို ကစားခဲ့ရာ၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုကို EC မေဂျာ၊ ဒုတိယဆုကို Mechanical မေဂျာမှ လည်းကောင်း ၊အမျိုးသား ဘောလုံးပြိုင်ပွဲ (ကွင်းကြီး) တွင် ပထမဆုကို EP မေဂျာ၊ ဒုတိယဆိုကို civil မေဂျာမှ လည်းကောင်း ၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲ အလွတ်တန်း တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုကို EC မေဂျာမှ မောင် ဖုန်းဇေမြတ်၊ဒုတိယဆုကို EC မေဂျာမှ မောင် တူးမိုင်၊ တတိယဆုကို civil မေဂျာမှ မောင် ရဲလင်းပိုင်တို့ မှ ရရှိခဲ့ကြောင်းသိရသည်။

ယင်းပြိုင်ပွဲများကို ဒီဇင်ဘာလ (၂၃)ရက်နေ့မှ ဇန်နဝါရီလ (၂)ရက်နေ့အထိ (၁၀ )ရက်ကြာ ကစားခဲ့ပြီး ဖူဆယ်နှင့် ဘောလုံး (ကွင်းကြီး) ပြိုင်ပွဲများအတွက် ပထမဆု ငွေကျပ် တစ်သိန်း၊ ဒုတိယဆု ငွေကျပ် ခုနှစ်သောင်း၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲအတွက် ပထမဆု ငွေကျပ် သုံးသောင်း၊ ဒုတိယဆု ငွေကျပ် နှစ်သောင်း၊ တတိယဆု ငွေကျပ် တစ်သောင်း တို့ကို ချီးမြှင်ပေးခဲ့ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။