Trending Now

ကိုရိုနာဗိုင်းရပ်စ်ကုသမှုတွင် ငှက်ဖျားပျောက်ဆေးအသုံးပြုရာ ၇၅ ရာခိုင်နှုန်းတွင် ဗိုင်းရပ်စ်ပျောက်ကင်းကြောင်း ပြင်သစ်ပညာရှင်တွေ့ရှိ

Spread the love

ကိုရိုနာဗိုင်းရပ်စ်ကုသမှုတွင် ငှက်ဖျားပျောက်ဆေးအသုံးပြုရာ ၇၅ ရာခိုင်နှုန်းတွင် ဗိုင်းရပ်စ် ပျောက်ကင်းကြောင်း ပြင်သစ်ပညာရှင်တွေ့ရှိ
 

EPN
နိုင်ငံတကာ၊ မတ်  ၂၃

ငှက်ဖျားပျောက်ဆေးအဖြစ် နှစ် ၇၀ ခန့်အသုံးပြုခဲ့သည့် ဟိုက်ဒရောက်စီကလိုရိုကွင်း (Hydroxychloroquine) ကို အသုံးပြုပြီး COVID-19 လူနာများကို ကုသခဲ့ရာ လူနာ ၇၅ ရာခိုင်နှုန်းတွင် ဗိုင်းရပ်စ်ပျောက်ကင်းသွားကြောင်း ပြင်သစ်ပညာရှင် Didier Raoult ကပြောသည်။

မတ် ၁၆ ရက်တွင် စမ်းသပ်ကုသပြီး ၆ ရက်အကြာ မတ် ၂၂ ရက်တွင် လူနာ ၂၅ ရာခိုင်နှုန်းတွင်သာ ဗိုင်းရပ်စ် ကျန်ရှိနေကြောင်း မာဆေးမြို့ရှိ တက္ကသိုလ်ဆေးရုံ ညွှန်ကြားရေးမှူး Didier Raoult က အတည်ပြုခြင်းဖြစ် သည်။

Hydroxychloroquine အသုံးမပြုဘဲ ကုသခဲ့သည့် လူနာ ၉၀ ရာခိုင်နှုန်းကတော့ ဗိုင်းရပ်စ်ဆက်လက်သယ် ဆောင်နေကြောင်းတွေ့ရှိရသည်ဟုလည်းပြောသည်။ ယခုစမ်းသပ်မှုအကြောင်းကြေညာပြီးနောက် စမ်းသပ်မှု များ ဆက်လက်ပြုလုပ်နိုင်ရန် ပြင်သစ်ဧရာမဆေးကုမ္ပဏီ Sanofi က hydroxychloroquine သန်းချီ လှူဒါန်းမည်ဟု ကတိပြုခဲ့သည်။

ပြင်သစ်အစိုးရပြောခွင့်ရသူ Sibeth Ndiaye ကလည်း စမ်းသပ်မှုရလဒ်များကို ထုတ်ဖော်ဂုဏ်ပြုခဲ့ပြီး ယခုကုသ မှုအတွက် ဆေးဘက်ဆိုင်ရာစမ်းသပ်မှုများကိုဆက်ချဲ့ထွင်ရန် ကတိပြုခဲ့သည်။

အီဘိုလာကဲ့သို့သောဗိုင်းရပ်စ်များကို တိုက်ခိုက်နိုင်ကြောင်း သက်သေပြခဲ့သည့် ကုသနည်း ၄ ခု၏ သက် ရောက်မှုကို စမ်းသပ်ရန် ရည်ရွယ်သည့် ဥရောပ၏အကြီးစားဆေးဝါးစမ်းသပ်မှုတစ်ခုကို မတ် ၁၂ ရက် တွင် စတင်မိတ်ဆက်ခဲ့သည်။

ပြီးခဲ့သည့်တစ်ပတ်ကြာသပတေးနေ့တွင် ကိုရိုနာဗိုင်းရပ်စ်ကုသမှုအတွက် အမေရိကန်အစားအစားနှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က Hydroxychloroquine စမ်းသပ်အသုံးပြုမှုကို ခွင့်ပြုခဲ့သည်။

Ref: Will an old malaria drug help fight the coronavirus?
#COVID19 #Vaccine


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။