Trending Now

မြန်မာနိုင်ငံမှ တင်ပို့သည့် ငှက်ပျောသီးကားအတွင်းမှ လျှို့ဝှက်တင်ဆောင်လာသည့် မူးယစ်ဆေးဝါးများကို တရုတ် ရဲဖမ်းဆီး

Spread the love

မြန်မာနိုင်ငံမှ တင်ပို့သည့် ငှက်ပျောသီးကားအတွင်းမှလျှို့ဝှက်တင်ဆောင်လာသည့်မူးယစ်ဆေးဝါးများကိုတရုတ်ရဲဖမ်းဆီး
EPN
နိုင်ငံတကာ၊ ဧပြီ ၁၂
 မြန်မာနိုင်ငံမှ တင်ပို့လိုက်သောငှက်ပျောသီးကုန်ကားကြီးအတွင်းမှစိတ်ကြွမူးယစ်ဆေးဝါးများကိုယမန်နေ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း တရုတ်ရဲတပ်ဖွဲ့ကပြောသည်။
 
တရုတ်ရဲတပ်ဖွဲ့သည်မူးယစ်ဆေးဝါးသတင်းကိုရရှိခဲ့ပြီးနောက်တရုတ်နိုင်ငံဂွမ်းဇူးပြည်နယ်တွန်ရမ်မြို့မှာမူးယစ်ဆေးဝါးတင်ဆောင်လာတဲ့ကားကိုရပ်တန့်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ကြောင်းသိရသည်။ငှက်ပျောသီးကုန်ကားအတွင်းလျိုဝှက်သယ်ဆောင်လာသည့်မက်သာဖီတမင်းနှင့်ဟီရိုအင်းစိတ်ကြွဆေးပြားတွေကိုဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
 
ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးအလေးချိန်မှာ၁၄၄ကီလိုဂရမ်ဖြစ်ကြောင်းမူးယစ်ဆေးဝါးမူနှင့်ပတ်သက်ပြီးသံသယရှိသူတစ်ဦးကိုဖမ်းဆီးထားကြောင်းThe Star သတင်းကဆိုသည်။
ငှက်ပျောသီးကားသည်တရုတ်နိုင်ငံသို့မလာခင်မြန်မာနိုင်ငံမှာဖြစ်ပြီးတရုတ်မြန်မာနယ်စပ်ဒေသယူနန်ပြည်နယ်ကိုဖြတ်သန်းမောင်းနှင်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။မြန်မာနိုင်ငံသည်ဒေသအတွင်းတွင်မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှုများနှင့်ပတ်သက်ပြီးပြစ်တင်ဝေဖန်ခံနေရသည်
—————————————-

EPN




 

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။