Trending Now

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်ကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် အကျယ်ချုပ်၂၇ နှစ် ချမှတ်

Spread the love

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်ကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် အကျယ်ချုပ်၂၇ နှစ် ချမှတ်

EPN
နိုင်ငံတကာ၊ မတ် ၄

ကမ္ဘောဒီးယားနိုင်ငံ တရားရုံးတစ်ခုက အတိုက်အခံခေါင်းဆောင် ကမ်ဆိုကာကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ နေအိမ်အကျယ်ချုပ် ၂၇ နှစ် မတ်လ ၃ ရက်နေ့က ချမှတ်လိုက်ပါတယ်။

နေအိမ်အကျယ်ချုပ် ၂၇ နှစ် ချမှတ်လိုက်တာဟာ ဝေဖန်ရေးသမားတွေကို နှုတ်ပိတ်ဖို့ ဒါမှမဟုတ် နှင်ထုတ်ဖို့အတွက် အစိုးရရဲ့ နောက်ဆုံးထိုးနှက်ချက် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

နိုင်ငံရဲ့ အထင်ရှားဆုံး အတိုက်အခံနိုင်ငံရေးသမားအပေါ် ချမှတ်လိုက်တဲ့ စီရင်ချက်ဟာ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ လေးလအလိုမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ကမ်ဆိုကာ ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေးပါတီ ရဲ့ ခေါင်းဆောင်ဖြစ်ဖြစ်ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ အမေရိကန်တွေ နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်အစိုးရက ကမ်ဆိုကာဟာ တရားမဝင် အာဏာရယူဖို့ နိုင်ငံရပ်ခြား အာဏာပိုင်တွေနဲ့ ပေါင်းစည်းမှုရဲ့ သက်သေဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကမ် ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ စတင်စစ်ဆေးခဲ့ပေမယ့် ကိုဗစ်ကြောင့် ဆိုင်းငံ့ခဲ့ရပြီး ၂၀၂၂ ခုနှစ်မှသာ အမှုကို ပြန်လည်စစ်ဆေးခဲ့ရတာပါ။ ပြစ်မှုထင်ရှားပါက အသက် ၆၉ နှစ်အရွယ် ကမ်ဟာ ထောင်ဒဏ် နှစ် ၃၀ အထိ ချမှတ်ခံရဖွယ်ရှိပါတယ်။

Ref; Cambodian opposition leader gets 27 years on treason charge

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။