Trending Now

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် အမျိုးသားတစ်ဦး ဆိုင်ကယ်ဖြင့် ကားကိုကျော်ဖြတ်မောင်းရာမှ ကားရှေ့တွင် ဆိုင်ကယ်မှောက်လှဲပြီး ကားတိုက်မှုကြောင့်သေဆုံး

Spread the love

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် အမျိုးသားတစ်ဦး ဆိုင်ကယ်ဖြင့် ကားကိုကျော်ဖြတ်မောင်းရာမှ ကားရှေ့တွင် ဆိုင်ကယ်မှောက်လှဲပြီး ကားတိုက်မှုကြောင့်သေဆုံး

EPN
မြစ်ကြီးနား၊စက်တင်ဘာ ၁၂

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် အမျိုးသားတစ်ဦး ဆိုင်ကယ်ဖြင့် ကားကိုကျော်ဖြတ်မောင်းနှင်ပြီးနောက် ကားရှေ့တွင်ဆိုင်ကယ်‌မှောက်လှဲပြီး အနောက်မှကား ဝင်တိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခု ယနေ့ နေ့လည် ၁ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနား လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ စီတာပူရပ်ကွက် N Gam Pa ဖူဆယ်ကွင်းထောင့်နားတွင် အမျိုးသားတစ်ဦးမှဆိုင်ကယ်အားအရှိန်ဖြင့် အိမ်စီးကားတစ်စီးအား ကျော်မောင်းခဲ့ပြီးနောက် အရှိန်မထိန်းနိုင်ပဲ ကားရှေ့တွင် ဆိုင်ကယ်မှောက်လှဲခဲ့ရာ နောက်မှကားမှ ဆိုင်ကယ်သမားအား တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲ့ဆိုင်ကယ်သမားက အရှိန်နဲ့ကားကို ကျော်မောင်းတာ၊ အရှိန်မထိန်းနိုင်ပဲ အိမ်စီးကားရှေ့မှာမှောက်လှဲတော့ ကားကလည်း ဘရိတ်နင်းဖို့တောင်အချိန်မရလိုက်ဘူးထင်တယ်၊ ကားသမားတော ပြေးမောင်းသွားတယ်၊ ကြိတ်ခံရတဲ့ဆိုင်ကယ်သမားရဲ့ဆွေမျိုး နာမည်တွေလည်း မသိရသေးဘူး”ဟု မြစ်ကြီးနားလူမှုကူညီရေးအသင်းရှိ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ဆိုင်ကယ်မောင်းသူအား ဝင်တိုက်ခဲ့သည့် အိမ်စီးကားမှာ ယာဉ်တိုက်မှုဖြစ်ပြီးနောက် ထွက်ပြေးသွားခဲ့ပြီး ဆိုင်ကယ်သမားမှာ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သော်လည်း မိသားစုများနှင့် အဆက်အသွယ် မရရှိသေးကြောင်း သွားရောက် ကူညီပို့ဆောင်ပေးခဲ့သည့် မြစ်ကြီးနား လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။