Trending Now

လာရောက်လုပ်ကြံသည့် PDF များအား အုပ်ချုပ်ရေးမှူးမှ ပြန်လည်ခုခံသဖြင့် နှစ်ဦး သေဆုံးပြီး ထွက်ပြေး သွားရ

Spread the love

လာရောက်လုပ်ကြံသည့် PDF များအား အုပ်ချုပ်ရေးမှူးမှ ပြန်လည်ခုခံသဖြင့် နှစ်ဦး သေဆုံးပြီး ထွက်ပြေး သွားရ

EPN
နေပြည်တော်၊ ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကိုင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးအား PDF (၁၄) ဦးမှ လာရောက်လုပ်ကြံပစ်ခတ်ခဲ့ရာ အုပ်ချုပ်ရေးမှူးမှ ကာဘိုင်သေနတ်ဖြင့် ပြန်လည် ခုခံပစ်ခတ်ခဲ့သဖြင့် PDF နှစ်ဦး သေဆုံးသွားကာ ထွက်ပြေးသွားရကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၂) ရက် နံနက် (၉) နာရီအချိန်က ကိုင်းတောင်ကျေးရွာသို့ PDF အဖွဲ့ဝင် (၁၄) ဦးသည် ဆိုင်ကယ် (၇) စီးဖြင့် ရောက်ရှိလာပြီး ကိုင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးနိုင် (မြင်းခြံမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ၊ မြို့နယ်ကော်မတီဝင်)၏ နေအိမ်အား လာရောက်ပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်ခံရချိန်တွင် ဦးအေးနိုင်မှ ကာဘိုင်သေနတ်ဖြင့် ပြန်လည်ခုခံပစ်ခတ်ခဲ့ပြီး ထိတွေ့ပစ်ခတ်မှု (၁၀) မိနစ်ခန့် ဖြစ်ပွါးခဲ့ကာ PDF အဖွဲ့ဝင်များ ဆုတ်ခွါထွက်ပြေးသွားကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်စဉ်တွင် PDF အဖွဲ့ဝင် (၂) ဦး သေဆုံးသွားပြီး MA-1 သေနတ် (၁) လက်၊ ပစ္စတိုသေနတ် (၁) လက်၊ ဆိုင်ကယ် (၂) စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။