Trending Now

အမေရိကန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ထက်ပို၍ အန္တရာယ်ရှိဟု အီရန်သမ္မတ ရိုဟာနီ ပြော

Spread the love

အမေရိကန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ထက်ပို၍ အန္တရာယ်ရှိဟု အီရန်သမ္မတ ရိုဟာနီ ပြော

EPN
နိုင်ငံတကာ၊ ဧပြီ ၁၄

အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက အမေရိကန်နိုင်ငံ၏ အရေးယူမှုများကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး အမေရိကန်နိုင်ငံ၏ နယ်ချဲ့ဝါဒက နိုင်ငံတကာအသိုင်းအဝိုင်းအတွက် ကိုရိုနာဗိုင်းရပ်စ်ထက်ပို၍ အန္တရာယ်ရှိ ကြောင်း ပြောကြားလိုက်သည်။

အီရန်သမ္မတ ရိုဟာနီက အဆိုပါမှတ်ချက်စကားကို ယမန်နေ့က ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုနှင့် ဖုန်းမှတစ်ဆင့် ဆွေးနွေးမှုတစ်ခုအတွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဗင်နီဇွဲလားနိုင်ငံမှာလည်း အမေရိကန်နိုင်ငံ၏ စီးပွားရေးအရေးယူမှု ခံနေရသည့်တိုင်းပြည်ဖြစ်သည်။

အီရန်နှင့် ဗင်နီဇွဲလားနိုင်ငံအပေါ် မညှာတာသော တရားမဝင် အရေးယူမှုများပြုလုပ်ခြင်းက လူသားတို့၏ အခြေခံသဘောတရားများကို ဆန့်ကျင်နေကြောင်း ရိုဟာနီက ပြောသည်။

အရေးယူမှုများက တိုင်းပြည်၏ များစွာ လိုအပ်နေသော ရေနံကုန်သွယ်မှုကို ပိတ်ပင်တားဆီးနေပြီး ကိုရို နာဗိုင်းရပ်စ် ဖြစ်ပွားနေစဉ် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာကိရိယာများ တင်သွင်းမှုကို ဟန့်တားနေကြောင်း အီရန် နိုင်ငံက ပြောသည်။ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၇၃၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ၄၅၈၅ ဉီး သေဆုံး ခဲ့ကြောင်း အီရန်နိုင်ငံက ကြေညာခဲ့သည်။

ဗင်နီဇွဲလား၊ တရုတ်၊ အခြားတိုင်းပြည်များနှင့်အတူ အီရန်နိုင်ငံသည် ပြီးခဲ့သည့် လက ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ထံ စာတစ်စောင် ပေးပို့ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကို ပိုမိုထိရောက်စွာ တိုက်ဖျက်နိုင်ရေး အရေးယူမှုများ အပြည့်အဝ ချက်ချင်း ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။

–ကိုးကား–
အင်န်အိတ်ချ်ကေ
Ref; Rouhani: US more dangerous than coronavirus


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။