Trending Now

ဗန်းမော်မြို့နယ်တွင် ငွေကျပ်သိန်းငါးရာကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Spread the love

ဗန်းမော်မြို့နယ်တွင် ငွေကျပ်သိန်းငါးရာကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ မေ ၂၄

ဗန်းမော်မြို့နယ်တွင် ငွေကျပ်သိန်းငါးရာကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသည့် ဆိုင်ကယ်သမားတစ်ဦးကို မေလ ၂၃ ရက်နေ့ က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မေလ ၂၃ ရက်နေ့ ညနေ ၆ နာရီခန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ဗန်းမော်မြို့နယ်၊ စီဟဲကျေးရွာအနီးတွင် လောဆိ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော စက္ကူဂျပ်ဖာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၇၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၉၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လာဆိ(၃၇)နှစ်အား ဗန်းမော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။