Trending Now

ဖားကန့်တွင် စွန့်ပစ်မြေစာပုံပြိုကျ၍ ကျောက်ရှာဖွေသူ နှစ်ဦးသေဆုံးကာ ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိ

Spread the love

ဖားကန့်တွင် စွန့်ပစ်မြေစာပုံပြိုကျ၍ ကျောက်ရှာဖွေသူ နှစ်ဦးသေဆုံးကာ ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိ

EPN
ဖားကန့်၊ ဖေဖော်ဝါရီ ၁၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာအနီးရှိ အဲဗားဝင်းနား ကုမ္ပဏီမှ မြေစာသွန်ချသည့် နေရာတွင် စွန့်ပစ်မြေစာပုံပြိုကျကာ ယမန်နေ့ ည ၁၀နာရီ ၀န်းကျင်ခန့်က ကျောက်ရှာဖွေနေသူ အမျိုးသားနှစ်ဦးသေဆုံးပြီး ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဖားကန့်မြို့ခံများထံမှ သိရသည်။

ယမန်နေ့ ည၁၀ နာရီခန့်တွင် ကုဋေကျေးရွာအနီရှိ စွန့်ပစ်မြေစာပုံ အမြင့်ပေ (၃၀၀)ခန့်မှ မြေစာများလျှောကျ၍ ကျောက်ရှာဖွေနေသည့် မြေစာပိသေဆုံးသူ နှစ်ဦးနှင့် ထိခိုက်ဒဏ်ရာရှိသူများ ကို ဆေးရုံပို့ဆောင်ပေးထားကြောင်း ဖားကန့် ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ည ၁၀ နာရီလောက်မှာ မြေစာပုံလျှောကျခဲ့တာလို့ သိရတယ် နှစ်ဦးသေဆုံးတယ် အလောင်းတော့ ပြန်တွေ့တယ် ကျန်တဲ့ သုံးဦးကိုတော့ ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံးကြီးကို ပို့ထားပြီး မြေစာအောက် လူတွေ ကျန်သေးတယ်ကြားလို့ လူမှုကူညီရေးအသင်းနှစ်ဖွဲ့ ညက ရှာဖွေနေတယ် အခုတော့ ခဏနားနေတယ်”ဟု ၎င်းကပြောသည်။

အဆိုပါ မြေစာပြိုကျ လူသေဆုံးမှုဖြစ်ပွားခဲ့သည့် နေရာသို့ လုံးခင်း လူမှုကူညီရေးအဖွဲ့နှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ တို့ ယနေ့ နံနက် ၃ နာရီခန့် အထိ ရှာဖွေမှု ပြုလုပ်ခဲ့ပြီး ကျန်ရှိနေသေးသည့်များကိုလည်း ဆက်လက်ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အတွင်း သေဆုံးသူ အမျိုးသားနှစ်ဦးမှာ အသက်(၄၀)ဝန်ကျင်ခန့်တို့ ဖြစ်ကြပြီး ၎င်းတို့အား ဖားကန့်ပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ထားပြီး အခြားထိခိုက်ဒဏ်ရာရရှိသူ သုံးဦးကိုလည်း ဆေးကုမှုပေးထားကြောင်း သိရသည်။

ဖားကန့်မြို့အတွင်း၌ ၂၀၂၃ခုနှစ်အတွင်း၌ နမ့်မှော်ကျေးရွာနှင့် လုံးခင်းကျေးရွာအုပ်စု ကုဋေကျေးရွာတို့တွင် မြေစာပြိုကျမှု ဖြစ်ပွားခဲ့ရာ သေဆုံးသူ စုစုပေါင်း (၆)အထိ ရှိခဲ့ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။