Trending Now

မတ်လ ၁၅ ရက်နေ့ နိုင်ငံတကာသတင်းအကျဉ်း

Spread the love

မတ်လ ၁၅ ရက်နေ့ နိုင်ငံတကာသတင်းအကျဉ်း

EPN
မတ် ၁၅

ဖင်လန်နဲ့ ဆွီဒင်တို့ NATO သို့ ဝင်ရောက်မှုဟာ အဓိပ္ပါယ်မဲ့တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပြီး ဖင်လန်နယ်စပ်သို့ တပ်ဖွဲ့ဝင်တွေ စေလွတ်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ရုရှားနိုင်ငံတစ်ဝှမ်းနဲ့ သိမ်းပိုက်ထားတဲ့ ယူကရိန်းဒေသတွေမှာ သုံးရက်ကြာ ကျင်းပပြုလုပ်သွားမယ့် ရုရှားသမ္မတ ရွေးကောက်ပွဲ မဲပေးမှုတွေကို စတင်နေပြီဖြစ်ပြီး သမ္မတ ပူတင်ဟာ နောက်ထပ်သက်တမ်းအတွက် သေခြာသလောက်ရှိနေတယ်လို့ သိရပါတယ်။

ဂါဇာမြို့တော်မှာ ကယ်ဆယ်ရေးထရပ်ကားတွေကို စောင့်မျှော်နေတဲ့ လူအုပ်ကြီးကို အစ္စရေးရဲ့ ရဟတ်ယာဉ် ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၆ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ကျောင်းတစ်ကျောင်းကနေ ကျောင်းသား ၂၈၆ ဦးနဲ့ ဝန်ထမ်းတွေကို ပြန်ပေးဆွဲခဲ့တဲ့ သေနတ်သမားတွေဟာ ရက်ပေါင်း ၂၀ အတွင်းစုစုပေါင်း ၁ ဘီလီယံ နိုင်ရာ( ၆၂၀,၄၃၂ ဒေါ်လာ) ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးရဲ့ ၉၈ ရာခိုင်နှုန်းကို ကိုယ်စားပြုတဲ့ နိုင်ငံပေါင်း ၁၃၄ နိုင်ငံဟာ ယခုအခါ ဒီဂျစ်တယ်ငွေကြေးကို အသုံးပြုဖို့ပြင်ဆင်နေကြပြီး ထက်ဝက်ကျော်ဟာ စမ်းသပ်မှုနဲ့ စတင်သုံးစွဲမှုအဆင့်တွေ မှာရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။