Trending Now

တခက်ကျေးရွာအနီး ညအချိန် ကျွဲနွားများ တင်ဆောင်မောင်းနှင်းလာသည့် သုံးဘီးကားများ မီးရှို့ခံရ

Spread the love

တခက်ကျေးရွာအနီး ညအချိန် ကျွဲနွားများ တင်ဆောင်မောင်းနှင်းလာသည့် သုံးဘီးကားများ မီးရှို့ခံရ

EPN
မြစ်ကြီးနား ၊ မေလ ၁၂

ကချင်ပြည်နယ် တနိုင်းခရိုင် တခက်ကျေးရွာအနီးတွင် ကန့်သတ်ချိန်ကျော်ပြီးမောင်းနှင်းလာသည့် သုံးဘီးကား သုံးစီးမီးရှိုှု့ဖျက်ဆီးခဲ့သည့်ဖြစ်စဉ်တစ်ခု မေလ ၁၀ ရက်ညပိုင်းတွင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ဖြစ်စဉ်မှာ ည၆နာရီကျော်လွန်ပြီး တနိုင်းမြို့နယ် ကောင်ဒါကျေးရွာ မှရှင်ဗွေယန်သို့ မောင်းနှင်းလာသည့် သုံးဘီးကားသုံးစီးအား တခက်ကျေးရွာအနီးတွင် ကေအိုင်အေအဖွဲ့မှရပ်တန့်စစ်ဆေးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကျွဲတွေကို အစကတော့ ကားနဲ့တင်ဖို့ပဲ ဒါပေမဲ့အဆင်မပြေလို့ သုံးဘီးမှာပဲတင်ပြီး ညနေပိုင်း ၁ နာရီကစထွက်ခဲ့တာ၊လဂျားဘွန်နှင့်ရှင်လုံဂါးကြားမှာသုံးဘီးကပျက်တော့ တနိုင်းကိုပြန်ပြီးမှာရတယ် လိုတဲ့ဟာတွေကို ပြင်ပြီးမှစထွက်တော့လည်း တရုံနားမှာကာပရိုင်တာကပြန်ပြတ် အဲ့မှာပြန်ပြင်ပြီးထွက်တော့ အချိန်တွေကကြာသွားတာပေါ့၊ တခက်ရွာကို ည၈နာရီခွဲလောက်မှပဲရောက်သွားတော့ခုလိုတွေဖြစ်သွားတာပေါ့၊ ကေအိုင်အေတွေက အစမှာတစ်ခါတော့သတိပေးထားခဲ့တာဟုတ်တယ် ဒီတခါကျ ကျွန်တော်ကိုယ်တိုင် မပါတော့ သုံးဘီးသမားတွေပဲဆိုတော့ စကားပြောဆင်မပြေတာတွေကြောင့် ဒီလိုဖြစ်သွားတာပေါ့” ဟု ရှင်ဗွေယန်အမဲခုံပိုင်ရှင်မှ ပြောဆိုသည်။

ယင်းသုံးဘီးကားတွင် ကောင်ဒါကျေးရွာမှ ဝယ်ယူခဲ့သည့် ကျွဲ ခုနှစ် ကောင်နှင့်နွားတစ်ကောင် စုစုပေါင်း ၈ ကောင်အား သယ်ဆောင်လာခြင်းဖြစ်ပြီး အဆိုပါ ကျွဲနွားများအား ရှင်ဗွေယန်ရှိ အမဲခုံပိုင်ရှင်အား ဝန်ခံကတိဖြင့် ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။