Trending Now

“ငြိမ်းချမ်းရေးညီလာခံစတုတ္ထအစည်းအဝေးကို ဇူလိုင်လအတွင်းမှာ ကျင်းပမယ်လို့”သမ္မတရုံးပြော

Spread the love

“ငြိမ်းချမ်းရေးညီလာခံစတုတ္ထအစည်းအဝေးကို ဇူလိုင်လအတွင်းမှာ ကျင်းပမယ်လို့”သမ္မတရုံးပြော

EPN
နေပြည်တော်၊ မေ ၁

၂၁ရာစု ပင်လုံ- ငြိမ်းချမ်းရေးညီလာခံ စတုတ္ထအစည်းအဝေးကို ဇူလိုင် လအတွင်းမှာ ကျင်းပမယ်လို့ နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက တရားဝင် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ မေလ၁ရက်နေ့ နေ့လည်ပိုင်းက နိုင်ငံတော်သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနဲ့ သမ္မတအိမ်တော်သတင်း ထောက်တွေ အွန်လိုင်းကနေတဆင့် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးကအခုလိုပြောကြားခဲ့တာပါ။

“ရွေးကောက်ပွဲက နိုဝင်ဘာမှာလုပ်မယ်ဆိုရင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ သည်ဇူလိုင်လ နောက်ဆုံးထားပြီးလုပ်ရမယ်။ ရွေးကောက်ပွဲ မတိုင်မီ ၃ လက ကန်ပိန်းကာလစပြီဒီကာလတွေမှာ ငြိမ်းချမ်းရေးသွား ဆွေးနွေးနေလည်းသိပ်ပြီး စိတ်ဝင်စားမှာမဟုတ်တော့ဘူး။ အကြိတ်အနယ်စည်းရုံးတဲ့ ကာလရောက်သွားပြီပေါ့နော်။ အဲ့မတိုင်ခင်မှာတော့ ဖြစ်မြောက်အောင်လုပ်ဖို့အတွက် အလွတ်သဘောဆွေးနွေးထားတာရှိတယ်။”လို့ ဦးဇော်ဌေးက ပြောပါတယ်။

၂၀၂၀ ဧပြီလအတွင်းမှာ စတုတ္ထ ညီလာခံကိုကျင်းပနိုင်ဖို့အတွက် အစိုးရက အစောပိုင်းမှာစီစဉ်ခဲ့ပေမယ့် ကိုဗစ်နိုင်တင်းရောဂါဝင် ရောက်ခဲ့တဲ့အတွက် ညီလာခံကျင်းပဖို့နှောင့်နှေးခဲ့တာလည်းဖြစ်ပါတယ်။

အခုလို ဇူလိုင်လအတွင်းမှာကျင်းပနိုင်ဖို့အတွက် အစိုးရအဖွဲ့က လုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီးတော့ လည်းဦးဇော်ဌေးက” EAOတွေနဲ့ သဘောတူညီချက်ရရင်ညီလာ ခံလုပ်မယ်။ အကယ်၍ဒီဗိုင်းရပ်စ်က ဒီလိုပုံစံမျိုးဆက်ဖြစ်နေဦး မယ်ဆိုရင် ညီလာခံကိုဘယ်လိုပုံစံနဲ့ကျင်းပမလဲဆိုတာလည်းစဉ်း စား ဖို့ရှိသေးတယ်။ ဖြစ်ပေါ်လာတဲ့အနေအထားတွေအပေါ်မှာပဲလုပ် ဆောင်သွားဖို့ရှိပါတယ်။” လို့လည်း ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ရာစုပင်လုံ တတိယ အစည်းအဝေးကို ၂၀၁၈ခုနှစ် ဇူလိုင်လ အတွင်းက နေပြည်တော်မှာ ကျင်းပခဲ့ပြီး အခု ၂နှစ်ကြာချိန်မှာ စတုတ္ထ ညီလာခံကိုကျင်းပနိုင်ဖို့ ကြိုးပမ်း နေခြင်းလည်း ဖြစ်ပါတယ်။

အောင်ဆန်းဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။