Trending Now

မျိုးရိုးဗီဇပြောင်းလဲဖို့အတွက် အာကာသထဲမှာ ပျိုးပွားခဲ့တဲ့ မျိုးစေ့တွေကို တရုတ်စတင်စိုက်ပျိုး

Spread the love

မျိုးရိုးဗီဇပြောင်းလဲဖို့အတွက် အာကာသထဲမှာ ပျိုးပွားခဲ့တဲ့ မျိုးစေ့တွေကို တရုတ်စတင်စိုက်ပျိုး

EPN
နိုင်ငံတကာ၊ မေ ၂၈

အပင်မျိုးစိတ် အသစ်တွေရရှိဖို့နဲ့ အပင်တွေရဲ့ မျိုးရိုးဗီဇကို ပြောင်းဖို့အတွက် အာကာသထဲမှာပျိုးပွားခဲ့တဲ့ မျိုးစေ့တွေကို တရုတ်နိုင်ငံအတွင်းမှာ စတင်စိုက်ပျိုးခဲ့တယ်လို့ ဆင်ဟွာ သတင်းဌာနက ဖော်ပြပါတယ်။

တရုတ်သုတေသီတွေက Shenzhou-13 လို့ အမည်ရတဲ့ အာကာသယာဉ်အတွင်း အချိန် ၆ လကြာအချိန်ယူပြီး ပျိုးပွားခဲ့တဲ့ ပဲစေ့၊ အုတ်ဂျုံစေ့တွေနဲ့ မှိုမျိုးစေ့တွေ အပါအဝင် မျိုးစေ့ပေါင်း ၁၂,၀၀၀ ကို စမ်းသပ်စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။

အာကာသထဲမှာ ပျိုးပင်စိုက်ပျိုးခဲ့တဲ့ အပင်တွေဟာ ပိုမိုကြီးထွားလာတာကြောင့် အပင်မျိုးစိတ်မျိုးစိတ်သစ်တွေကို ဂေဟစနစ် ပြန်လည်ထိန်းသိမ်းရေးနဲ့ ဥယျာဉ်ခင်းကျင်းတည်ဆောက်ခြင်းလုပ်ငန်းတွေမှာ အသုံးပြုသွားဖို့ ရည်ရွယ်ထားတဲ့လို့ ဆိုပါတယ်။

“Shenzhou-13 အာကာသယာဉ်ခရီးစဉ်မှာ ကောက်နှံ စိုက်ပျိုးခြင်းကိုအားထုတ်လုပ်ဆောင်ခဲ့တာဖြစ်လို့ ကောက်ပဲသီးနှံ မျိုးစေ့အချိုးအစားက ပိုမိုကြီးမားလာခဲ့ပါတယ်” လို့ သုတေသီအကြီးတန်းအရာရှိတစ်ဦးကပြောပါတယ်။

တရုတ်နိုင်ငံ မွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြောက်ပိုင်းမှာရှိတဲ့ M-Grass နည်းပညာလုပ်ငန်းရဲ့ သုတေသီတွေကလည်း အာကာသယာဉ်ပေါ်မှာ မြက်မျိုးစိတ် ၆ မျိုးခန့်ကို စမ်းသပ်လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။

အဲဒီ အကာသခရီးစဉ်ကို တရုတ်အာကာသယာဉ်မှူး ၃ ဦးဆောင်ကာ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး အကာသယာဉ်မှုးတွေဟာ အချိန် ၆ လကြာနေထိုင်ခဲ့တဲ့အတွက် အကြာဆုံး အကာသခရီးစဉ်တစ်ခုဖြစ်ပါတယ်။

Source – xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။