Trending Now

မန်စီးတီးကို ဂိုးပြတ်ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် အိမ်မက်ဝေဝါးသွားခဲ့တဲ့ မန်ယူ

Spread the love

မန်စီးတီးကို ဂိုးပြတ်ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် အိမ်မက်ဝေဝါးသွားခဲ့တဲ့ မန်ယူ

EPN
အားကစား၊ မတ် ၇

မန်ယူအသင်းဟာ မနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြိုင်ဘက် မန်စီးတီးအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ချန်ပီယံလိဂ်ဝင်ခွင့် အိမ်မက်တွေဝေဝါးသွားခဲ့ပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီဘရိုင်း၊ဖိုဒန်၊ဗာနာဒိုဆေးဗား၊မာရတ်၊ဂျက်ဂရေးလစ်တို့လို အဓိကစားသမားတွေနဲ့ ယူနိက်တက်ကို အိမ်ကွင်းမှာ ကစားသွားခဲ့ပြီး ယူနိက်တက်အသင်းကတော့ အဓိက ကစားသမားရော်နယ်ဒိုဒဏ်ရာကြောင့်မပါဝင်နိင်ခဲ့ပေမဲ့ ဆန်ချို၊ဖာနန်ဒက်၊ပေါ့ဘာ၊အီလန်ဂါတို့နဲ့ မန်စီးတီးကိုယှဉ်ပြိုင်ခဲ့ပါတယ်။

ပွဲစတာနဲ့ မန်စီးတီးကသူတို့ရဲ့ပုံစံအတိုင်း ဘောလုံးကို ကိုင်ကစားပြီး ယူနိက်တက်ဘက်ကို တိုက်စစ်ဆင်မူတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ပွဲအစ ၅ မိနစ်မှာပဲ မန်စီးတီးအတွက် ဦးဆောင်ဂိုးကို ဗာနာဒိုဆေးဗားရဲ့ ဖန်တီးပေးမူကနေ ဒီဘရိုင်းက သွင်းယူပေးခဲ့ပါတယ်။

ပွဲချိန် ၂၂မိနစ်မှာတော့ ယူနိက်တက်အသင်းအတွက် ခြေပဂိုးကို ပေါ့ဘာရဲ့ဖန်တီးပေးမူကနေ ဆန်ချိုက မန်စီးတီးနောက်တန်းကိုကျော်ဖြတ်ပြီး ခြေပဂိုးပြန်လည်ရယူနိုင်ခဲ့ပါတယ်။

ချေပဂိုးပေးလိုက်ရတဲ့ မန်စီးတီးက ဦးဆောင်ဂိုးပြန်ရဖို့ ယူနိက်တက်အသင်းရဲ့ အားနည်းတဲ့ခံစစ်ကြောင်းထဲကို ဖိုဒန်၊ ဒီဘရိုင်း၊ ဗာရာဒိုဆေးဗားတို့က တစ်လှည့်စီ ဝင်ရောက်မွှေနှောက်ကစားခဲ့ကြပြီး ပွဲချိန်၂၈ မိနစ်မှာ ဒီဘရိုင်းကပဲ ကန်သွင်းပြီး မန်စီးတီးအသင်းအတွက် ဦးဆောင်ဂိုးပြန်လည်ရယူသွားခဲ့ပါတယ်။

ဒုတိယပိုင်းအရောက်မှာ ယူနိုက်တက်အသင်းဟာ သိသိသာသာ အရည်အသွေးကျဆင်းသွားခဲ့ပြီး မန်းစီးတီးက ဆက်တိုက် တိုက်စစ်ဆင်ခဲ့သလို ဂိုးကန်သွင်းခွင့်အကြိမ်ကြိမ်ရယူနိင်ခဲ့ပါတယ်။

ယူနိုက်တက် ဂိုးသမား ဒီဂီယာက အကြိမ်ကြိမ် ကာကွယ်နိင်ခဲ့ပေမယ့် ပွဲချိန်၆၈မိနစ်မှာ ဒီဘရိုင်းနားရဲ့ ထောင့်ကန်ဘောကနေ မန်စီးတီးအတွက် တတိယဦးဆောင်ဂိုးကို ပေးခဲ့ရပြီး ဒုတိယပိုင်းအချိန်ပိုအရောက်မှာတော့ မာရတ်ကပဲ မန်စီးတီးအတွက် ၄ ဂိုးမြောက်ဂိုးကို သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံဆုအတွက် ခြေတစ်လှမ်းတိုးနိင်ခဲ့ပြီဖြစ်ပေမယ့် မန်ယူအသင်းအနေနဲ့ကတော့ ချန်ပီယံလိဒ်ဝင်ခွင့်ရဖို့ မရေရာတော့ပါဘူး။

ဂယ်ရီနဗီးလ်နဲ့ ရွိုင်ကိန်းတို့ကလည်း မန်စီးတီးနဲ့ ဒါဘီပွဲစဉ်ဟာ ယူနိုက်တက်အသင်းအတွက် ရှက်စရာကောင်းတဲ့ ရှုံးပွဲဖြစ်ခဲ့တယ်လို့ ဝေဖန်သွားပါတယ်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။