Trending Now

ဟုမ္မလင်း မုံရွာ လေကြောင်းခရီးစဥ် အရေးပေါ် တံခါးတွေ ပွင့်ထွက်လာတဲ့အတွက် ပြုပြင်ရန် စောင့်ဆိုင်းနေရ

Spread the love

ဟုမ္မလင်း မုံရွာ လေကြောင်းခရီးစဥ် အရေးပေါ် တံခါးတွေ ပွင့်ထွက်လာတဲ့အတွက် ပြုပြင်ရန် စောင့်ဆိုင်းနေရ

EPN
ဟုမ္မလင်း ၊ မတ် ၄

စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့ ၊ ဟုမ္မလင်း လေဆိပ်ကနေ မုံရွာ လေဆိပ်ကို မတ် ၄ ရက် ၊ ဒီကနေ့ မနက် ပျံသန်းမယ့် လေယာဥ်ဟာ မပျံသန်းမီ ပြေးလမ်းပေါ်မှာ အရေးပေါ် တံခါးတွေ ပွင့်ထွက်လာတဲ့အတွက် ပြုပြင်ဖို့ ဟုမ္မလင်း လေဆိပ်မှာ စောင့်ဆိုင်းနေရတယ်လို့ လေကြောင်း ခရီးသည်တွေထံက သိရပါတယ်။

” အရေးအကြောင်းဆို လေယာဥ်ပေါ်ကနေ ခရီးသည်တွေ လျောဆင်းထွက်ရတဲ့ လျောတံခါးတွေ ပွင့်ထွက်သွားတာပါ ၊ ပြန်ပြင်ဖို့ ပညာရှင်တွေကို စောင့်နေရတယ် ” လို့ ခရီးသည်တစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဟုမ္မလင်း လေဆိပ်ကို EPN က မေးမြန်းတဲ့အခါ တာဝန်ရှိသူ တစ်ဦး ဖြေကြားပြောတာက ” ဒီမနက် ၉ နာရီ မိနစ် ၃၀ မှာဖြစ်တာပါ ၊ လေယာဥ်ခရီးစဥ်အမှတ် XY – AMI ATR – 72 မြန်မာ့အမျိုးသား လေကြောင်းလိုင်းUB – 585. MDL ကနေ အဝင် ၊ မုံရွာ လေဆိပ်ကို ပျံသန်းထွက်ခွာမယ့် ခရီးစဥ်ဖြစ်ပါတယ် ၊ ဖြစ်ပွားပုံက အဲ့ဒီ ခရီးစဥ်ကို စီးနင်းလိုက်ပါမယ့် ခရီးသည် ဦးဇော်ဦး အသက် ၃၈ နှစ် (ဘ) ဦးဆန်းဝေ ဆိုသူက လေယာဥ်ရဲ့ ဘယ်ဘက်အခြမ်း A1 အရေးပေါ်ထွက်ပေါက် ခလုတ်ကို မှားယွင်းနှိပ်မိတာကနေ အရေးပေါ် ထွက်ပေါက် တံခါးတွေ ပွင့်ထွက်သွားတာပါ ” လို့ ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီ လေယာဥ်ပေါ်မှာ ခရီးသည် အမျိုးသား ၂၉ ဦးနဲ့ အမျိုးသမီး ၃၃ ဦး ၊ ပေါင်း ၆၂ ဦး စီးနင်းလိုက်ပါခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး လေယာဥ် အရေးပေါ် အပေါက်တွေ ပြန်လည်ပြုပြင်ဖို့ ရန်ကုန်က ပညာရှင်တွေကို ဟုမ္မလင်း လေဆိပ်က စောင့်ဆိုင်းနေရပြီး အရေးပေါ် ခလုတ် မှားယွင်းနှိပ်မိသူကို ဟုမ္မလင်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။