Trending Now

ကချင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများတွင် Quarantine ဝင်ရောက်နေသူ သုံးထောင်ကျော်ရှိ

Spread the love

ကချင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများတွင် Quarantine ဝင်ရောက်နေသူ သုံးထောင်ကျော်ရှိ

EPN
မြစ်ကြီးနား၊ မေလ ၂၁

ကချင်ပြည်နယ်အတွင်း Quarantine ထားရှိသည့် အခြေခံပညာ အထက်တန်းကျောင်းစုစုပေါင်း (၁၁)ကျောင်းရှိရာ မေလ(၁၅)ရက်နေ့အထိ စာရင်းအရ Quarantine ဝင်ရောက်နေသူ ဦးရေ ၃၀၀၀ကျော်ရှိကြောင်းကချင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

အခြေခံပညာကျောင်းများ ပြန်ဖွင့်လှစ်တော့မည် ဖြစ်သဖြင့် ကချင်ပြည်နယ်အတွင်းရှိ COVID-19 ကာကွယ်ရေးအတွက် Quarantine ထားရှိသည့် အခြေခံပညာ ကျောင်းများအား ဇွန်လ (၁၅)ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်အပ်ရန် သက်ဆိုင်ရာ မြို့နယ်ကိုဗစ်၁၉ ထိန်းချုပ်ရေးကော်မတီများသို့ အကြောင်းကြားထားပြီဖြစ်ကြောင်း သိရသည်။

မေလ (၁၅)ရက်နေ့ စာရင်းအရ မြစ်ကြီးနားခရိုင်အတွင်း Quarantine ထားရှိသူဦးရေ (၃၆၅)ဦး၊ မိုးညှင်းခရိုင်အတွင်း Quarantine ထားရှိသူ ဦးရေ (၈၈၄) ဦး၊ ဗန်းမော်ခရိုင်အတွင်း Quarantine ထားရှိသူ ဦးရေ (၂၄၈၈) ဦးနှင့် ပူတာအိုခရိုင်အတွင်း Quarantine ထားရှိသူ ဦးရေ(၁၆၄) ဦးရှိနေပြီး Quarantine ထားရှိသူဦးရေ အများဆုံးမြို့နယ်မှာ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့အထိ ကချင်ပြည်နယ်အတွင်း Quarantine ထားရှိသည့် လူဦးရေစုစုပေါင်း (၆၅၈၂) ဦး ရှိနေကြောင်း ကချင်ပြည်နယ် ကျန်းမာရေးနှင့် အားကစားဦးစီးဌာနမှ သိရသည်။

ဝေယံ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။