Trending Now

ကချင်ပြည်နယ် ချီဖွေ၊ ပန်ဝါ၊ ဆော်လော် နှင့် ဆက်စပ်ဝန်းကျင်ဒေသများတွင် လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ ကျော်အထိ တိုက်ခတ်နိုင်

Spread the love

ကချင်ပြည်နယ် ချီဖွေ၊ ပန်ဝါ၊ ဆော်လော် နှင့် ဆက်စပ်ဝန်းကျင်ဒေသများတွင် လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ ကျော်အထိ တိုက်ခတ်နိုင်

EPN
မြစ်ကြီးနား၊ ဧပြီ ၄

၂၀၂၂ ဧပြီလ ၄ရက် နေ့တွင် ကချင်ပြည်နယ် ချီဖွေ၊ ပန်ဝါ၊ ဆော့လော် နှင့် ဆက်စပ်ဝန်းကျင်ဒေသများ မှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ ကျော်အထိ တိုက်ခတ်နိုင်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက သိရသည်။

အဆိုပါ ဒေသများတဝိုက်တွင် အနောက်နှင့် ‌တောင်ဘက်မှ လေများတိုက်ခတ်နိုင်ပြီး ဆောင့်တိုက်လေရှိန်အနေဖြင့် တစ်နာရီ ၃၀ ကျော်အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။

ထို့အပြင် မြစ်ကြီးနားမြို့၏ အထက်ပိုင်းဒေသများ ဖြစ်သည့် နောင်မွန်၊ ခေါင်လန်ဖူး၊ ပန်နန်းဒင်၊ ပူတာအို ၊ မချမ်းဘော့၊ ချီဖွေ၊ ဆောလော်စသည့် ဒေသများတွင် နောက်တစ်ပတ်အထိ တိမ်ထူထပ်လျှက်ရှိနေပြီး မိုးအသင့်အတင့် ရွာသွန်းနိုင်ကြောင်းနှင့် ကချင်ပြည်နယ် မြစ်ကြီနားမြို့နှင့် အောက်ပိုင်း ယခုတစ်ပတ်အတွင်း တိမ်ထူထပ်နေရာမှ မိုးထစ်ချုန်း ရွာသွန်းနိုင်ပြီး မြစ်ကြီးနားမြို့နှင့် အနီးတဝိုက် အတွက် ယနေ့ ဧပြီလ ၄ ရက်နေ့တွင် တိမ်ထူထပ်ပြီး မိုးအသင့်တင့် ထစ်ချုန်းရွာသွန်းနိုင်ကြောင်းလည်း သိရသည်။

ယနေ့ ဧပြီလ ၄ ရက်နေ့ နှင့် ၅ရက်နေ့တို့မှာ မိုးရွာသွန်းမှု ပိုမိုများပြားလာနိုင်ပြီး ဧပြီလ ၆ ရက်နေ့မှစတင်ကာ နေသာ ရက်များ ရှိလာနိုင်ကြောင်း သိရသည်။

ဝလုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။