Trending Now

ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ ၅ သန်း ရောင်းချပေးမည်

Spread the love

ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ ၅ သန်း ရောင်းချပေးမည်

EPN
၊မတ်လ ၁၅ (၂၀၂၄)

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ယနေ့ မတ်လ ၁၅ ရက်နေ့တွင် နိုင်ငံခြားငွေကြေးဈေးကွက်သို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်မှထုတ်ပြန်ထားသည်။

ယခုနှစ် ဇန်နဝါရီလကတည်းက နိုင်ငံခြားငွေဈေးကွက်အတွင်း ဗဟိုဘဏ်မှ Online Trading Platform မှတဆင့် နိုင်ငံခြားငွေ နှစ်ကြိမ်ရောင်းချပေးခဲ့ရာ အမေရိကန်ဒေါ်လာ ၅ သန်း၊ တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ် ၆၂ သန်း ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် ယခုလတွင် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) ငွေလဲကောင်တာများအား ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ပြီး၊ ဥပဒေမလိုက်နာသည့် ကုမ္ပဏီများကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၃၅)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းလိုင်စင် (၃)လ၊ (၆)လ စသဖြင့် ရပ်ဆိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကသစ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။