Trending Now

ဗြိတိန်နဲ့ မဟာမိတ်နိ်ုင်ငံတွေက ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းတွေ ထပ်မံပို့ပေးဖို့ သဘောတူညီ

Spread the love

ဗြိတိန်နဲ့ မဟာမိတ်နိ်ုင်ငံတွေက ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းတွေ ထပ်မံပို့ပေးဖို့ သဘောတူညီ

EPN
နိုင်ငံတကာ၊ ဧပြီ ၁

ရုရှားနိုင်ငံက ကျူးကျော်တိုက်ခိ်ုက်တာကို ပြန်လည်ခုခံနိုင်ဖို့အတွက် ယူကရိန်းနိုင်ငံကို ဗြိတိန်နိုင်ငံနဲ့ မဟာမိတ် နိုင်ငံတွေက စစ်လက်နက်ပစ္စည်းတွေ ထပ်မံပို့ပေးဖို့ သဘောတူညီလိုက်တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်းဝေါလေ့စ်က ပြောကြားလိုက်ပါတယ်။

“ဒီကနေ့ သဘောတူညီချက်ရလဒ်အဖြစ် မကြာခင်မှာ ယူကရိန်းနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ ထပ်မံရောက် ရှိလာပါလိမ့်မယ်။ နိုင်ငံအများအပြားဟာ အကြံဉာဏ်သစ်တွေအပြင် ငွေကြေးကူညီထောက်ပံ့မှုတွေပေးဖို့လည်း ကမ်းလှမ်းလာခဲ့ပါတယ်။” လို့ ဝေါလေ့စ်က သတင်းထောက်တွေကိုပြောပါတယ်။

နိုင်ငံပေါင်း ၃၅ နိုင်ငံကျော် တက်ရောက်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် ယူကရိန်းနိုင်ငံအတွက် နိုင်ငံတကာကာ ကွယ်ရေးအလှူရှင်များညီလာခံကျင်းပပြီးချိန်မှာ ဘန်းဝေါလေ့စ်က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

စစ်ရေးထောက်ပံ့မှုထဲမှာ သင်တန်းပေးတာတွေ၊ လော်ဂျစ်စတစ်ထောက်ပံ့တာတွေအပြင် လေကြောင်းရန်ကာ ကွယ်ရေး/ ကမ်းရိုးတန်းကာကွယ်ရေးလက်နက်စနစ်တွေ၊ တာဝေးပစ်အမြောက်တွေ၊ ရေဒါတွေနဲ့ သံချပ်ကာ ကားတွေပါဝင်တယ်လို့ ဆိုပါတယ်။

“ရုရှားသမ္မတပူတင်ရဲ့ ဥပဒေနဲ့မညီဘဲ ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်တာကို ရင်ဆိုင်နေရတဲ့ ယူကရိန်း နိုင်ငံကို ထောက်ပံ့ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆုံးဖြတ်ချက်ကို ဒီညီလာခံက သက်သေပြလိုက်တာ ပဲဖြစ်ပါတယ်။” လို့ ဝေါလေ့စ်က ပြောပါတယ်။

ရုရှားနိုင်ငံဟာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ယူကရိန်းနိုင်ငံကိုကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။ ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံမှာ အခြေခံအဆောက်အုံတွေ ပျက်စီးခဲ့ရပါတယ်။

ဒါ့အပြင် အမြောက်ကြီး တွေ၊ ရော့ကက်တွေ၊ ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်သလို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်တဲ့အတွက် ယူက ရိန်းအရပ်သားတွေသေဆုံးခဲ့ရပါတယ်။

Ref: Britain, allies agree to provide Ukraine with air defense, artillery systems

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။