Trending Now

တီးတိန်မြို့တွင် ညမထွက်ရ အမိန့်ထုတ်

Spread the love

တီးတိန်မြို့တွင် ညမထွက်ရ အမိန့်ထုတ်

EPN
ကလေး ၊ဧပြီ – ၁၇

ချင်းပြည်နယ် တီးတိန်မြို့တွင် ကိုဗစ် ၁၉ ရောဂါကူးစစ်ပြန့်ပွားမှုမရှိစေရေးအတွက် ညမထွက်ရအမိန့်ကို ဧပြီ ၁၆ ရက်နေ့က ဒေသန္တရအမိန့် ကြေညာထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်ထဲတွင် တီးတိန်မြို့ပေါ် ၄ ရပ်ကွက်အတွင်း နေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ၆ နာရီကြာအရေးတကြီး ကျန်းမာရေးကိစ္စ၊လူမှုရေးကိစ္စ သွားလာုခင်းမှအပ လုံလောက်သောအကြောင်းကြားချက်မရှိဘဲ မိမိနေအိမ်မှ ပြင်ပသို့
ထွက်ခွာသွားလာခြင်းမပြုရန်၊မိမိတို့ရပ်ကွက်အတွင်း ကျန်းမာရေး၊လုံခြုံရေးမှုခင်းကိစ္စများနှင့်ပတ်သက်၍ မသင်္ကာဖွယ်ရာ လူပုဂ္ဂိုလ်များတွေ့ရှိပါက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့မဟုတ် အုပ်ချုပ်ရေးအာဏာပိုင်များထံ အကြောင်းကြားသတင်းပို့ရန်တို့ဖြစ်ကြောင်း သိရသည်။

“ခရီးသွားလာမှုလျော့နည်းအောင် လုပ်တာပါ။တစ်ရွာကနေ တစ်ရွာမသွားလာဖို့၊မြို့ထဲမှာလဲ မသွားဖို့၊မြို့ထဲမှာလဲ မလာဖို့ထုတ်ပြန်တာ။အဓိကတော့ ခရီးသွားလာမှုလျော့နည်းမှ ဒီရောဂါကထိန်းချုပ်နိုင်မှာဖြစ်ပါတယ်”ဟု တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှူးဦးကိုစွမ်းခိုင်ကပြောသည်။

လူစုလူဝေးဖြင့်ဆောင်ရွက်သည့် ဘာသာရေးအခမ်းအနားများအား လုံးဝလုံးဝ ကျင်းပပြုလုပ်ခြင်းမပြုရန်၊ ဒေသခံပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိနေအိမ်အတွင်း၌ နေထိုင်ကြရန်နှင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့. လုံးဝလုံးဝထွင်ခွာသွားခြင်းမပြုရန်၊မဖြစ်မနေထွက်ရမည်ဆိုပါက နှာခေါင်းစည်း Maskတပ်ပြီးမှသာ ထွက်ခွာကြရန်၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များအား တိကျစွာလိုက်နာဆောင်ရွက်ကြရန် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်များကို လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တီးတိန်မြို့ပြည်သူဆေးရုံတွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူ ၄ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တီးတိန်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မတ် ၂၆ရက်မှ စတင်၍ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ တီးတိန်မြို့ အဝင်၊အထွက်(၅)နေရာတွင် လက်ဆေးကန်များထားရှိပြီးခရီးသွားပြည်သူများ လက်ဆေးခြင်း၊မှတ်တမ်းရယူခြင်း၊အပူချိန်တိုင်းပေးခြင်းများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့၊မြို့နယ်မီး သတ်၊မြို့နယ်ကြက်ခြေနီအသင်းနှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိသည်။

သူရိယထက်
ဓာတ်ပုံ -တီးတိန်ပြန်ဆက်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။