Trending Now

ျမန္မာႏိုင္ငံရွိ ၿမိဳ႕နယ္ ၅၃ၿမိဳ႕မွာ ေျမျမႇဳပ္မိုင္းနဲ႕ စစ္က်န္လက္နက္ပစၥည္းအႏၲရာယ္ ရင္ဆိုင္ေနရ

Spread the love

ျမန္မာႏိုင္ငံရွိ ၿမိဳ႕နယ္ ၅၃ၿမိဳ႕မွာ ေျမျမႇဳပ္မိုင္းနဲ႕ စစ္က်န္လက္နက္ပစၥည္းအႏၲရာယ္ ရင္ဆိုင္ေနရ
EPN
ေနျပည္ေတာ္၊ မတ္ ၇
ျမန္မာႏိုင္ငံရွိၿမိဳ႕နယ္၅၂ ၿမိဳ႕နယ္မွာ ေျမျမႇဳပ္မိုင္း နဲ႔ မေပါက္ကြဲေသးတဲ့ စစ္က်န္လက္နက္ ပစၥည္းအႏၲရာယ္နဲ႕ ရင္ဆိုင္ေနရေၾကာင္း၊လူမူ၀န္ထမ္းကယ္ဆယ္ေရးနဲ႔ျပန္လည္ေနရာခ်ထားေရး၀န္ၾကီးဌာနဒုတိယဝန္ႀကီးဦးစိုးေအာင္ကေျပာပါတယ္။
 
ယမန္ေန႔ကက်င္းပခဲ့တဲ့အျပည္ျပည္ဆိုင္ရာမိုင္းအႏၲရာယ္ အသိပညာေပးေရး နဲ႔မိုင္းလုပ္ငန္းဆိုင္ရာအကူအညီေပးေရးေန႔အခမ္းအနားမွာဒု၀န္ႀကီးဦးစိုးေအာင္ကခုလိုမ်ိဳးေျပာခဲ့တာလည္းျဖစ္ေၾကာင္းသိရပါတယ္။မိုင္းေၾကာင့္အသက္ဆုံး႐ႈံးမႈ၊မသန္စြမ္းမႈ၊စိတ္ပိုင္းဆိုင္ရာထိခိုက္မႈ၊လူမႈစီးပြားဘ၀မ်ားထိခိုက္မႈေတြကိုျပည္သူမ်ားကိုယ္တိုင္ရင္ဆိုင္ခံစားေနရေၾကာင္းသိရပါတယ္။
 
မိုင္းေၾကာင့္ထိခိုက္ခံစားရေတြကိုကူညီေထာက္ပံ့မႈက႑အေနနဲ႔တစ္ဦးကိုေထာက္ပံ့ေၾကးေငြက်ပ္က်ပ္ႏွစ္သိန္းႏႈန္းနဲ႔စုစုေပါင္း၉၉၈သိန္းကိုဝန္ႀကီးဌာနရန္ပုံေငြကေနေထာက္ပံ့ေပးလ်က္ရွိေၾကာင္း၊ဒု၀န္ႀကီးဦးစိုးေအာင္ကေျပာပါတယ္။ျမန္မာနိုင္ငံဟာေျမျမႇပ္မိုင္းအႏၲရာယ္ေၾကာင့္အသက္ဆုံးရႈံးရတဲ့လူအမ်ားဆုံးျဖစ္တဲ့နိုင္ငံ နိုင္ငံမွာ ပါဝင္ေနဆဲျဖစ္တယ္လုိ႔ျမန္မာႏိုင္ငံဆုိင္ရာၿဗိတိန္သံရံုးထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။
 
လက္ရွိအခ်ိန္မွာေျမျမွဳပ္မိုင္းအႏၱာရယ္ေတြကိုျပည္သူေတြအသိပညာေပးႏုိင္ဖုိ႔ျမန္မာအစိုးရနဲ႔အတူNGO အဖြဲ႔ေတြပူးေပါင္းေဆာင္ရြက္လ်က္ရွိေနေၾကာင္းသိရပါတယ္
———————————————————-
မြန်မာနိုင်ငံရှိ မြို့နယ် ၅၃မြို့မှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းအန္တရာယ် ရင်ဆိုင်နေရ

EPN
နေပြည်တော်၊ မတ် ၇

မြန်မာနိုင်ငံရှိ မြို့နယ် ၅၂ မြို့နယ်မှာ မြေမြှုပ်မိုင်း နဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက် ပစ္စည်းအန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း၊ လူမူဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောပါတယ်။ 

ယမန်နေ့က ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေးရေး နဲ့ မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီပေးရေးနေ့ အခမ်းအနားမှာ ဒုဝန်ကြီးဦးစိုးအောင်က ခုလိုမျိုးပြောခဲ့တာလည်းဖြစ်ကြောင်းသိရပါတယ်။ မိုင်းကြောင့် အသက်ဆုံးရှုံးမှု၊ မသန်စွမ်း မှု၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ လူမှုစီးပွားဘဝများ ထိခိုက်မှုတွေကို ပြည်သူများ ကိုယ်တိုင်ရင်ဆိုင် ခံစားနေရကြောင်းသိရပါတယ်။ 

မိုင်းကြောင့် ထိခိုက်ခံစားရတွေကို ကူညီထောက်ပံ့မှု ကဏ္ဍအနေနဲ့ တစ်ဦးကို ထောက်ပံ့ကြေးငွေကျပ် ကျပ် နှစ်သိန်းနှုန်း နဲ့ စုစုပေါင်း ၉၉၈ သိန်းကို ဝန်ကြီးဌာနရန်ပုံငွေ ကနေ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဒုဝန်ကြီး ဦးစိုးအောင်ကပြောပါတယ်။ မြန်မာနိုင်ငံဟာ မြေမြှပ်မိုင်းအန္တရာယ်ကြောင့် အသက်ဆုံးရှုံးရ တဲ့ လူအများဆုံးဖြစ်တဲ့ နိုင်ငံ ၅ နိုင်ငံမှာ ပါဝင်နေဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

လက်ရှိအချိန်မှာ မြေမြှုပ်မိုင်း အန္တာရယ်တွေကို ပြည်သူတွေ အသိပညာပေးနိုင်ဖို့ မြန်မာအစိုးရ နဲ့ အတူ NGO အဖွဲ့တွေ ပူးပေါင်း ဆောင်ရွက်လျက်ရှိနေကြောင်းသိရပါတယ်။
 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။