Trending Now

မုံရွာမြို့တွင် Maskတပ်ရန်အသိပညာပေးသည့်ယာဉ်ထိန်းရဲ ဓားခုတ်ခံရ

Spread the love

မုံရွာမြို့တွင် Maskတပ်ရန်အသိပညာပေးသည့်ယာဉ်ထိန်းရဲ ဓားခုတ်ခံရ

EPN
မုံရွာ၊ဧပြီ – ၂၀

ကိုဗစ် ၁၉ကာကွယ်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့ပတ်လမ်းနှင့်သာစည်လမ်းထောင့်က ပြည်တော်သာဂိတ်၌ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းက နှာခေါင်းစည်း (Mask) တပ်ရန် ပညာပေးပြောကြားသူယာဉ်ထိန်းရဲကို ဓားခုတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပြည်တော်သာဂိတ်တွင် သက်ဆိုင်ရာ ဌာနများနှင့် အရပ်ဖက်အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ကျန်းမာရေးစစ်ဆေးမှုများနေ့စဉ်ပြုလုပ်လျှက်ရှိရာ ယာဉ်ထိန်းရဲက Mask မပါသူကို Mask တပ်ရန် အသိပညာပေးရာမှ ဓါးခုတ်ခ‌ံလိုက်ရခြင်းဖြစ်သည်။

“မနက်ပိုင်းကဖြစ်ပွားတာပါ။ဓားခုတ်ခံရတဲ့ယာဉ်ထိန်းကရှောင်လိုက်တဲ့အတွက် ပွန်းပဲ့ယုံဒါဏ်ရာရတာပါ။ဓားခုတ်ပြေးတဲ့သူကို ရဲတပ်ဖွဲ့က မင်္ဂလာကုန်းကျေးရွာအနီးမှာ ဖမ်းဆီးမိခြင်းဖြစ်တယ်။နယ်မြေရဲစခန်းမှာအမှုဖွင့်အရေးယူထားတယ်။ကံပြားအုပ်စုဆုံကုန်းရွာကလူပါ”ဟု အမှတ်၁၁၂ ယာဉ်ထိန်းတပ်ဖွဲ့စုမှူး(မုံရွာ) ဒုရဲမှူးဇော်ဝင်းနိုင်ကပြောသည်။

အသုံးပြု ကျူးလွန်ခဲ့သည့်ဓါးမှာ ငှက်ကြီးတောင်အမျိုးစားဖြစ်ပြီး အရိုးသွား လက်မ ၂၀ ကျော်ရှိကာ ဓါးခုတ်မှုကျူးလွန်သူမှာ မုံရွာမြို့ နယ် ကံပြားအုပ်စု ဆုံကုန်းရွာနေထိုင်သူ ဦးအောင်ကျော်မြင့် အသက် (၄၉) နှစ်ဆိုသူ ဖြစ်သည်။

ဓါးခုတ်မှုကျူးလွန်သူကို ရာဇသတ်ကြီး ပုဒ်မ ၃၃၂ /၁၉(င) ဖြင့် မုံရွာ နယ်မြေရဲစခန်းမှ
အရေးယူထားကြောင်း သတင်းရရှိသည်။

သူရိယထက်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။