Trending Now

သီရိလင်္ကာရဲ့ ယာယီသမ္မတသစ်ကို လူထောင်ပေါင်းများစွာ ကန့်ကွက်ဆန္ဒပြ

Spread the love

သီရိလင်္ကာရဲ့ ယာယီသမ္မတသစ်ကို လူထောင်ပေါင်းများစွာ ကန့်ကွက်ဆန္ဒပြ

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၁၄

သီရိလင်္ကာသမ္မတ ရာဂျာပက်ဆာ ဟာ နိုင်ငံကနေထွက်ပြေးသွားခဲ့ပြီးနောက် ဝန်ကြီးချုပ် ဝက်ခရီမက်ဆင်းကို ယာယီသမ္မတ အသစ်အဖြစ်ခန့်အပ်ခဲ့ပေမယ့် ခေါင်းဆောင်မှုအပြောင်းအလည်းကို တောင်ဆိုခဲ့ကြတဲ့ ဆန္ဒပြသူတွေဟာ ကြေနပ်မှုမရှိခဲ့ပဲ ယာယီသမ္မတ ဖြစ်တဲ့ ဝန်ကြီးချုပ်ကိုပါ ထွက်ခွာသွားဖို့ တောင်းဆိုပြီး ရုံးခန်းကိုဝင်ရောက်စီးခဲ့ကြပါတယ်။

သမ္မတ ရာဂျာပက်ဆာ နဲ့ ဇနီးတို့ဟာ မော်လဒိုက်ဘက်ကို လေတပ်က လေယာဉ်နဲ့ ထွက်ပြေးသွားခဲ့ပြီးနောက် သူမရှိတော့တဲ့ အချိန်မှာ ဝန်ကြီးချုပ် ဝက်ခရီမက်ဆင်းကို ယာယီသမ္မတအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ထောင်နဲ့ ချီတဲ့ ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ်ကို လက်ခံနိုင်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် သူတို့ဟာ ဝန်ကြီးချုပ်ရုံးခန်းရှေ့မှာ စုဝေးရောက်ရှိလာကြပြီး ရုံးခန်းကို ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။

အစားအစာတွေနဲ့ လောင်စာဆီ ပြတ်လပ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရတဲ့ သိရီလင်္ကာနိုင်ငံသားတွေက သူ့တို့ရဲ့ သည်ခံနိုင်စွမ်းကုန်ဆုံးနေပြီဆိုတာကို ပြသတဲ့အနေနဲ့ လူဒါဇင်ပေါင်းများစွာဟာ ဝန်ကြီးချုပ်ရုံးခန်းရဲ့ ခေါင်မိုးပေါ်မှာ နိုင်ငံအလံကို ဝှေ့ယမ်းကာ ဆန္ဒပြခဲ့ကြပါတယ်။

သူတို့နှစ်ယောက်လုံး ဒီနိုင်ငံရေးအသိုင်းအဝိုင်းကနေ ထွက်ခွာဖို့လိုတယ် ဝက်ခရီမက်ဆင်းဟာ နှစ်လအတွင်းမှာ သူပေးထားတဲ့ ဂတိကို အဖြည့်ဆည်းနိုင်တဲ့အပြင် သူလုပ်သမျှတွေဟာ ရာဂျာပရက်ဆာကို ကာကွယ်ဖို့ကြိုးစားတာပါပဲ ဒါကြောင့် သူလဲအလုပ်ထွက်သင့်တယ်” လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ အသက်၂၈ နှစ်အရွယ် အစိုးရဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဒါပေမယ့် ဝက်ခရီမက်ဆင်းကတော့ အစိုးရအသစ် မတက်မချင်း သူထွက်ခွာမှာ မဟုတ်ကြောင်းကို နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ပြောဆိုခဲ့ပါတယ်။ နိုင်ငံကနေ ထွက်ပြေးသွားခဲ့တဲ့ ရာဂျာပက်ဆာကတော့ တရားဝင်နုတ်ထွက်မရသေးပေမယ့် ပါလီမန်ဥက္ကဋ္ဌက သမ္မတရာထူးကနေ ထုတ်ပယ်ဖို့ အာမခံထားပါတယ်။

အစောပိုင်းမှာ ရဲတပ်ဖွဲ့တပ်ဖွဲ့ဝင်တွေက ဝန်ကြီးချုပ်ရုံးအပြင်ဘက်မှာ ဆန္ဒပြနေသူတွေကို လူစုခွဲနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့ဘဲ နောက်ဆုံးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဆုတ်ခွာခဲ့ရပြီး အဆောက်အဦးအတွင်း ဝင်ရောက်လာတဲ့ လူတွေဟာ ဆိုဖာတွေပေါ်မှာ ခြေပစ်လက်ပစ်ထိုင်သူကထိုင်နေကြသလို ဝန်ကြီးချုပ်ရဲ့ အစည်းအဝေးခန်းမအတွင်းမှာလည်း လှောင်ပြောင်အစည်းအဝေးတွေ ကျင်းပနေကြပါတယ်။

ငါတို့ ဒီမှာ ချက်ပြုတ်မယ်၊ ဒီမှာစားမယ်၊ ဒီမှာနေမယ်။ ဝက်ခရီမက်ဆင်း က သူ့ရဲ့နုတ်ထွက်စာမတင်မခြင်း မလွှဲမရှောင်သာ ဒီမှာ ဆက်နေကြမှာပါ အခြားရွေးချယ်စရာ မရှိပါဘူး။” ကိုလံဘိုရှိ စူပါမားကတ်တစ်ခုမှ ကြီးကြပ်ရေးမှူးတစ်ဦးဖြစ်သူ လာဟီရူအီရှာရာ (၃၂)နှစ် ကပြောပါတယ်။

အဲဒီနောက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရှာဗင်ဒရာ ဆေးလ်ဗားက ပြည်သူတွေကို အေးချမ်းစွာနေထိုင်ကြဖို့ နောက်ထပ် တောင်းဆိုချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း ပြည်သူတွေကို တောင်းဆိုခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ သီရိလင်္ကာနိုင်ငံကို ဆယ်စုနှစ် နှစ်ခုကြာ အုပ်ချုပ်ခဲ့သည့် ရာဂျာပက်ဆာ မိသားစုရဲ့ နိုင်ငံရေးမင်းဆက်ကို ဖျက်သိမ်းခဲ့ပြီးနောက် သမ္မတရဲ့ နေအိမ်၊ ရုံးခန်း နဲ့ ဝန်ကြီးချုပ်ရဲ့ တရားဝင်နေအိမ်တို့ကိုပါ သိမ်းပိုက်ခဲ့ပါတယ်။

ရာဂျာပက်ဆာရဲ့ မိသားစုတွေဟာ နိုင်ငံရဲ့ ဘဏ္ဍာငွေတွေကို နှစ်ပေါင်းများစွာ လုယူခဲ့ကြပြီး စီးပွားရေးကို လွဲမှာစွာ စီမံခန့်ခွဲခဲ့တဲ့ အတွက် တိုင်ပြည်ပြိုလဲဖို့ အရှိန်မြင့်လုပ်ဆောင်ခဲ့တယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲခဲ့ကြပါတယ်။ ရာဂျာပက်ဆာရဲ့ မိသာစုဟာ အကျင့်ပျက်ခြစားမှုစွပ်စွဲချက်တွေကို ငြင်ဆိုခဲ့ပေမယ့် စီမံခန့်ခွဲမှုညံဖျင်းခဲ့တာကိုတော့ ဝန်ခံခဲ့ပါတယ်။

ဆိုးရွားတဲ့ နိုင်ငံအတွင်း စားသောက်ကုန်နဲ့ လောင်စာဆီအပါအဝင် အခြားကုန်ပစ္စည်းပြတ်တောက်မှုတွေက သရီလင်္ကာနိုင်ငံသား ၂၂ သန်းကို စိတ်ပျက်လက်ပျက်ဖြစ်စေခဲ့ပါတယ်။ လက်ရှိ သီရိလင်္ကာ နိုင်ငံရဲ့ အခင်းအကျင်းဟာ အကျင့်ပျက်ခြစားမှုတွေဟာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေပါတယ်။

“သမ္မတ နဲ့ ဝန်ကြီး တွေတင်မကဘဲ လွှတ်တော်အမတ် ၂၂၅ ယောက်စလုံး အိမ်ပြန်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်းမှာပဲ ဒီလူတွေကြောင့် ကျွန်တော်တို့နိုင်ငံကို ပျက်စီးစေခဲ့တယ်” ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ အလုပ်သမား တစ်ဦးက ပြောပါတယ်။

ဝန်ကြီးချုပ်ရုံးအပြင်ဘက်မှာ ဆန္ဒပြမှုတွေပြင်းထန်လာလို့ စစ်တပ်နဲ့ ရဲဌာနကို အဏာပိုပေးနိုင်တဲ့ အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပြီး အမိန့်ဟာ ဘယ်လောက်အထိ သက်ရောက်နိုင်တယ်ဆိုတာမသိရသေးပေမယ့် ပြည်သူအချို့ကတော့ လျစ်လျူရှုကာ နေအိမ်တွေက နေထွက်ခွာလာခဲ့ကြပါတယ်။

“ဆန္ဒပြပွဲတွေရဲ့ အစ”

လက်ရှိဆန္ဒပြမှုတွေဟာ စားနပ်ရိက္ခာနဲ့ လောင်စာအတွက် ပေးဖို့ငွေကြေးမရှိတော့တာကြောင့် နိုင်ငံရဲ့ စီးပွားရေးဟာ လုံးဝပြိုလဲသွားပြီဖြစ်ကြောင်းကို ပြီးခဲ့တဲ့လနှောင်းပိုင်းက ကြေညာခဲ့ပြီးနောက် အပြင်းအထန်စတင်ဖြစ်ပွားခဲ့တာပါ။ နိုင်ငံရဲ့ မရှိမဖြစ်လိုအပ်တင် သွင်းကုန်တွေကို ဝယ်တင်သွင်းနိုင်ဖို့ သီရီလင်္ကာနိုင်ငံဟာ အိမ်နီးချင်း အန္ဒိယ၊ တရုတ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကို အကူအညီတောင်းခံနေရပါတယ်။

ဝန်ကြီးချုပ် ဝစ်ခရီမက်ဆင်းက နိုင်ငံစီးပွားရေးကို အလှည့်အပြောင်း ဖြစ်စေဖို့ ကြိုးပမ်းလုပ်ဆောင်ခဲ့ပေမယ့် နိုင်ငံရဲ့ စီးပွားရေးဟာ အောက်ခြေကို ထိုးဆင်းသွားခဲပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ စနေနေ့ ကနေစတင်ပြီး ဆန္ဒပြမှုတွေဟာ ကြီးထွားလာခဲ့ပြီး သမ္မတ နဲ့ ဝန်ကြီချုပ်ရဲ့ နေအိမ်တွေကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံဟာ ပေးချေရမယ့် အကြွေး ဒေါ်လာ ၅၁ ဘီလီယံအထိ ရှိနေပြီး လက်ရှိမှာ အကြွေးမဆပ်နိုင်တဲ့အပြင် အတိုးကိုပါ ပေးဆပ်နိုင်ခြင်းမရှိတော့ပါဘူး။ နိုင်ငံရဲ့ အဓိက စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ခရီးသွားလုပ်ငန်းဟာလည်း ကိုဗစ် နဲ့ ၂၀၁၉ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လူပေါင်း ၂၆၉ ယောက်သေဆုံးခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအပြီး ထိုးရပ်သွားခဲ့ပါတယ်။

အဲ့ဒီနောက် နိုင်ငံရဲ့ ငွေကြေးတန်ဖိုးဟာ ၈၀ ရာခိုင်နှုန်း ပြိုလဲသွားခဲ့ပါတယ်။ သွင်းကုန်ဈေးတွေက မြင့်တက်လာသလို နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာလဲ ပိုမိုဆိုးရွားလာခဲ့ပြီး အစားအသောက် ကုန်ဈေးနှုန်းတွေဟာ ၅၇ ရာခှိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။

ရလဒ်အနေနဲ့ နိုင်ငံဟာ ဒေဝါလီခံရမယ့် အခြေအနေကို အလျင်အမြန်ရောက်ရှိသွားခဲ့ပြီး လောင်စာဆီ၊ နို့၊ အစားအသောက် ချက်ဖို့ ဓာတ်ငွေ့နဲ့ အိမ်သာသုံးစက္ကူတင်သွင်းဖို့ ကအစ နိုင်ငံတကာ ငွေကြေးမရှိတော့ တဲ့အခြေအနေကို ရောက်ရှိသွားခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံဟာ ပုံမှန်အားဖြင့် အစားအစာ ပြတ်လပ်ခြင်းမရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ပြည်သူတွေဟာ အငတ်ဘေးကြုံနေရပြီး မိသားစု ဆယ်စုမှာ ကိုးစုက အစားအသောက်လျော့စားနေရသလို လူဦးရေ ၃ သန်းဟာလည်း အရေးပေါ် လူသားချင်းစာနာမှု ကူအညီရရှိဖို့ လိုအပ်နေတယ်လို့ ကုလသမ္မကစားနပ်ရိက္ခာ အစီအစဉ်က ပြောပါတယ်။

နိုင်ငံရဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာလည်း အရေးပေါ်ဆေးဝါးပစ္စည်းတွေ ရရှိဖို့ လူမှုကွန်ရက်ကို အားကိုနေရပြီး အလုပ်မရှိဖြစ်လာတဲ့ သိရီင်္လကာနိုင်ငံသားတွေဟာ နိုင်ငံရပ်ခြားမှာ သွားရောက်လုပ်ကိုင်ဖို့ ကြိုးစားလာကြရပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့ အစိုးရဝန်ထမ်းတွေဟာလည်း အလုပ်ကနေ ရပ်ဆိုင်းထားရသည်မှာ ၃ လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

အချုပ်အားဖြင့် ဆိုပါက ဆိုးရွားတဲ့ နိုင်ငံရေး၊ စီးပွားရေး တွေနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေဟာ ဒုက္ခတွေနဲ့ သာရင်ဆိုင်နေကြရပြီး ကြုံတွေ့နေရတဲ့အခြေအနေတွေ ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်ချက်လေးတောင် မရှိတော့ပါဘူး။

Source – AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။