Trending Now

ဗန်းမော်မြို့တွင် အမျိုးသားနှစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

ဗန်းမော်မြို့တွင် အမျိုးသားနှစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ မတ် ၂၈ (၂၀၂၄)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် အမျိုးသားနှစ်ဦးထံမှ မူးယစ်ဆေးဝါးများကို မတ်လ  ၂၇ ရက်နေ့၊ နေ့လည် ၁၂ နာရီ အချိန်က ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဗန်းမော်မြို့၊ အောင်သာရပ်ကွက်နေ နိုင်၀င်း(ခ)အငယ်လေး ၏ နေအိမ်အား မူးယစ်သတင်းအရ ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ရေမွန် အားတွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၇၅ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၇ ဒဿမ ၅ သိန်း)၊ ဘိန်းဖြူအလေးချိန် ၃၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ နိုင်၀င်း(ခ)အငယ်လေး (၃၃)နှစ်နှင့် ရေမွန် (၃၂)နှစ်တို့အား ဗန်းမော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။