Trending Now

အရှိန်မထိမ်းနိုင်ဘဲ ကျောင်းအုတ်တံတိုင်းအား ဝင်တိုက်မိသည့် BMW မော်တော်ယာဉ်မောင်းအား ဥပဒေနှင့် အညီ အရေးယူ

Spread the love

အရှိန်မထိမ်းနိုင်ဘဲ ကျောင်းအုတ်တံတိုင်းအား ဝင်တိုက်မိသည့် BMW မော်တော်ယာဉ်မောင်းအား ဥပဒေနှင့် အညီ အရေးယူ

EPN
မိုးညှင်း၊ မေ ၂၂

ကချင်ပြည်နယ် မိုးညှင်းမြိ့ုတွင် အမျိုးသားတစ်ဦး မောင်းနှင်လာသည့် BMW မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ကျောင်းအုတ်တံတိုင်း အား ဝင်ရောက်တိုက်မိခဲ့ရာ ကျောင်းအုတ်တံတိုင်းများ ပြိုလဲခဲ့သည့် ဖြစ်စဉ်အပေါ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူထားခဲ့ကြောင်း သိရသည်။

မေလ ၂၁ ရက်နေ့၊ ညနေ ၄နာရီခွဲ အချိန်ခန့်တွင် မိုးညှင်းမြိ့ုတွင်းမှ မင်းရဲကျော်စွာလမ်းဘက်သို့ယာဉ်မောင်း ကျော်ဝဏ္ဏစိုး မောင်းနှင် လာသော (BMW350i-s) အမျိုးအစား အနက်ရောင် ယာဉ်သည် အရှိန်မထိမ်းနှိုင်ဘဲ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၏ အုတ်တံတိုင်းအား ဝင်တိုက်မိခဲ့ရာ လူပုဂ္ဂိုလ် တစ်စုံတစ်ရာ ထိခိုက် ဒဏ်ရာမရှိသော်လည်း ကျောင်းအုတ်တံတိုင်း (၉)ပေခန်း (၃)ခန်း ပြိုလဲခဲ့ပြီး မော်တော်ယာဉ် ခေါင်းပိုင်း ပျက်စီးခဲ့သည်။

ယာဉ်မတော်တဆမှုဖြစ်ပွားရာနေရာသို့ မိုးညှင်းမြိ့ု အမှတ်(၁၀၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ကြပ်ကြီး မောင်မောင်လွင်နှင့်တပ်ဖွဲ့ဝင်များ သည်သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျော်ဝဏ္ဏစိုး၊ (၂၆)နှစ်၊ (ဘ)ဦးသန်းစိုး၊ အောင်သပြေ(၁)ရပ်ကွက်၊ မိုးညှင်းမြိ့ု နေထိုင်သူအား မိုးညှင်းမြိ့ုမ ရဲစခန်းမှ (ပ)၇၀/၂၀၂၀ မော်တော်ယာဉ် ဥပဒေပုဒ်မ ၄၉(ခ)/၅၈(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။