Trending Now

လွယ်ဂျယ်- လားရင်း နယ်စပ်ကုန်သွယ်မှုပမာဏ ၇ ဆကျော်မြင့်တက်လာ

Spread the love

လွယ်ဂျယ်- လားရင်း နယ်စပ်ကုန်သွယ်မှုပမာဏ ၇ ဆကျော်မြင့်တက်လာ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၅

ကချင်ပြည်နယ်အတွင်းရှိ လွယ်ဂျယ်-လားရင်း နယ်စပ်ဂိတ် ကုန်သွယ်မှုပမာဏသည် ယမန်နှစ်ကာလတူထက် ၇.၆ ဆတိုးလာခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

လက်ရှိ ၂၀၂၃ ခုနှစ်အတွင်း လွယ်ဂျယ်-လိုင်းရင်းနယ်စပ်ဂိတ်၏ ပို့ကုန်သွင်းကုန်ပမာဏသည် တန်ချိန် ၁၃၈၉၀၀ ကျော်ရှိပြီး ကုန်သွယ်မှုပမာဏ ယွမ် ၃၃၅ သန်း ကျော်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

လွယ်ဂျယ်-လားရင် နယ်စပ်ဂိတ်သည် ကချင်ပြည်နယ်၊ဗန်းမော်မြို့မှ ၅၆ မိုင် ၄ ဖာလုံ အကွာတွင်တည်ရှိပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသည့် နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခု ဖြစ်သည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။