Trending Now

ဗန်းမောက်မြို့မဘိနယ် မံမော်ကြိုးဝိုင်းအတွင်း၌ တရားမဝင် ကျွန်းသစ်နှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Spread the love

ဗန်းမောက်မြို့မဘိနယ် မံမော်ကြိုးဝိုင်းအတွင်း၌ တရားမဝင် ကျွန်းသစ်နှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

EPN
ဗန်းမောက် ဧပြီ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ မြို့မဘိနယ်၊ မံမော်ကြိုးဝိုင်းအတွင်း၌ တရားမဝင် ကျွန်းသစ် (၁)တန်ကျော်နှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ဖြစ်စဥ်မှာ ဗန်းမောက်မြို့နယ် သစ်တောရုံးမှ သစ်တောဦးစီးမှူး ဦးခိုင်မွန် ဦးဆောင်ကာ မြို့မ(ဘိ)နယ် တာဝန်ခံတောအုပ် ဦးအောင်သိန်းဇော်၊ တောအုပ်ကြီး ရဲဝင့်နိုင်၊ တောအုပ်​ကြီး ဦးလှိုင်ထက်ကို၊ တောအုပ် ဦးလင်းထိန်၊ တောအုပ် ဦးရဲမြင့်ဆွေ၊ တောခေါင်း မိုးမင်းဦး၊ ဗန်းမောက်မြို့နယ် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ တပ်ကြပ်ကြီး မြင့်ဆွေနှင့်တပ်ဖွဲ့ဝင်(၃)ဦးတို့ ပါဝင်သော ဖမ်းဆီးရေးအဖွဲ့သည် မံမော်ကြိုးဝိုင်းအတွင်းရှိ ကျွန်းသစ်ပင်များ ခုတ်လှဲ၍ သစ်စက်များ​ဖြင့် ပျဥ်ထိုး ဝိုင်းလည်နေကြောင်း သတင်းအရ လိုက်လံရှာဖွေခဲ့ကြရာ ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် ဗန်းမောက်မြို့မ(ဘိ)နယ်၊ မံမော်ကြိုးဝိုင်း၊ အကွက်အမှတ် (၉၃)အတွင်း 46RGM- 992989 နေရာ၌ တရားမဝင် ကျွန်းသစ်ခွဲသား ဆိုဒ်စုံ (၅၅)ချောင်း၊ (၁.၀၄၈၈)တန်၊CHAN GCHAI (၂၅)ကောင် (၁)လုံး၊ ၄ ပေလွှဝိုင်း (၁) ဝိုင်း၊ ၄ ပေ ရှပ်တန်း (၁)ခုနှင့် အခြားဆက်စပ်ပစ္စည်းတို့အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ တရားမဝင် ကျွန်းသစ်ခွဲသား ခိုးထုတ်သူများအား အမြန်ဆုံး ဖမ်းဆီရမိရေးနှင့် သစ်တော ဥပဒေအရ တရားစွဲတင်ပို့နိုင်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။