Trending Now

မိုးကောင်းမြို့ နယ်မှ ဖားကန့်မြို့နယ်သို့ ၆၆ ကေဗွီ ဓါတ်အားလိုင်းများတည်ဆောက်စဉ် သီနှံပင်ပျက်စီးမှုများ အတွက် လျော်ကြေးငွေ ပေးအပ်သွားမည်

Spread the love

 
မိုးကောင်းမြို့ နယ်မှ ဖားကန့်မြို့နယ်သို့ ၆၆ ကေဗွီ ဓါတ်အားလိုင်းများတည်ဆောက်စဉ် သီနှံပင်ပျက်စီးမှုများ အတွက် လျော်ကြေးငွေ ပေးအပ်သွားမည်

EPN
မြစ်ကြီးနား၊ ဇွန် ၁၁

မိုးကောင်းမြို့နယ် နန့်ဟိုင်ကျေးရွာမှ ဖားကန့်သို့ သွယ်တန်းထားသော ၆၆ ကေဗွီ ဓါတ်အားလိုင်း တည်ဆောက်စဉ်အတွင်း ဖြတ်သန်းရာလမ်းတစ်လျှောက် အခင်းများရှိ ဒညင်းပင်၊ လိမ္မောပင် အစရှိသည့် သီနှံပင် ပျက်စီးနစ်နာမှုများအတွက် တောင်သူများထံ လျော်ကြေးငွေပေးအပ်သွားမှာဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်က ပြောသည်။

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ၁၅ကြိမ်မြောက်အစည်းအဝေးအတွင်း မိုးကောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ မေးမြန်းသည့် မေးခွန်းနှင့် ပတ်သက်၍ ဝန်ကြီးက လွှတ်တော်တွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ပျက်စီးသွားသည့် အပင်များအတွက် နစ်နာကြေး ဖြစ်တဲ့ သီးနှံလျော်ကြေးပေးချေ နိုင်ရေးအတွက် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် သီးနှံလျော်ကြေးအတွက် ဘတ်ဂျတ် တွက်ချက်ကာ တင်ပြ တောင်းခံထားရှိပြီးဖြစ်ပါတယ်။ ယခုနှစ် သီးနှံ ပျက်စီးမှုအတွက်နစ်နာ လျော်ကြေးများကို ဓါတ်အားထုတ်လုပ်ရေး စီမံကိန်မှ ပြီးပြတ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်”ဟု ၎င်းက ပြောဆိုသည်။

မိုးကောင်းမြို့နယ်မှ ဖါးကန့်မြို့နယ်သို့ သွယ်တန်းထားသည့် ဓါတ်အားခွဲရုံတည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ် စက်တင်ဘာလ(၁)ရက်နေ့မှ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၆၆ကေဗွီ မိုးကောင်း- ဖားကန့်ဓါတ်အားလိုင်း(၅၅ ဒဿမ သုညသုံး)မိုင်နှင့် ၆၆/၁၁ကေဗွီ ၁၀ အမ်ဗွီအေ ဖားကန့်ဓါတ်အားခွဲရုံကို ပြီးခဲ့သည့် ဇန်နဝါရီလက ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ၆၆ ကေဗွီ ဓါတ်အားလိုင်း တည်ဆောက်စဉ် နန့်ဟိုင်ကျေးရွာအပိုင်း တစ်လျှောက်ရှိ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော ဒညင်း၊လိမ္မော စသည့် သီးနှံပင်များစွာ ခုတ်လဲခံခဲ့ရသည့်အတွက် တောင်သူအများစုမှာ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

သက်ပိုင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။