Trending Now

တူရကီ နဲ့ ဆီးရီးယားမှာ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၅၀၀ ကျော်အထိ မြင့်တက်လာ

Spread the love

တူရကီ နဲ့ ဆီးရီးယားမှာ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၅၀၀ ကျော်အထိ မြင့်တက်လာ

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၆

တူရကီနဲ့ ဆီးရီးယားမှာ တနင်္လာနေ့ နံနက်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ ဦးရေ ၅၀၀ ကျော်အထိ မြင့်တက်လာပါတယ်။

ရစ်ခ်ျတာစကေး ၇.၄ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တဲ့ တူရကီ အရှေ့တောင်ပိုင်းနဲ့ ဆီးရီးယား မြောက်ပိုင်းမှာ အဆောက်အအုံ ၁၇၀၀ ကျော်ပြိုကျခဲ့ပါတယ်။

တူရကီနိုင်ငံမှာ အနည်းဆုံး လူ ၂၈၄ ဦး သေဆုံးခဲ့ပြီး ၂၃၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ တူရီဒုသမ္မတ Fuat Oktay က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အလားတူ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာလည်း သေဆုံးသူ ဦးရေ ၂၃၇ ဦးအထိ ရှိလာကြောင်း ဆီးရီးယားကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ငလျင်ဒဏ်ခံရတဲ့ ဒေသတွေက အဆောက်အဦးပျက်တွေထဲမှာ ပိတ်မိနေတဲ့ လူတွေကို ကယ်ဆယ်နိုင်ဖို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေသလို ပျက်စီးနေတဲ့ အဆောက်အဦးတွေထဲကို လူတွေ မဝင်ဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

NHK / Ref; Death toll from major quake rises to over 500 in Turkey and Syria


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။