Trending Now

ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်ဆေးဝါး မှောင်ခိုကူးသူဟု သံသယရှိသူ ၁၅ ဦး သေဆုံးခဲ့

Spread the love

ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်ဆေးဝါး မှောင်ခိုကူးသူဟု သံသယရှိသူ ၁၅ ဦး သေဆုံးခဲ့

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၉

ထိုင်းနိုင်ငံ မြောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်ရှိ တောအုပ်တစ်ခုတွင် မူးယစ်ဆေးဝါး မှောင်ခိုကူးသူဟု သံသယရှိသူများနှင့် ထိုင်းစစ်သားများ ထိပ်တိုက်တွေ့ခဲ့ရာ ၁၅ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ထိုင်းစစ်သားများသည် ကျောပိုးအိတ်များ ကိုင်ဆောင်ထားသည့် သံသယရှိသူအုပ်စုကို ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ကြုံတွေ့ခဲ့ရပြီး ၎င်းတို့အား ရပ်တန့်ရန် အမိန့်ပေးခဲ့သော်လည်း မရပ်တန့်ဘဲ ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ထိုင်းနိုင်ငံ မြောက်ပိုင်း နယ်စပ်ပြည်နယ် လုံခြုံရေး တာဝန်ခံက ပြောကြားခဲ့သည်။

၁၀ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင် တစ်ဦးမျှ ထိခိုက်မှုမရှိကြောင်း နှင့် ကြာသပတေးနေ့ နံနက်ပိုင်းတွင် ချင်းမိုင်ခရိုင်အတွင်းရှိ အခင်းဖြစ်ပွားရာနေ ရာကို ထိုင်းတပ်တပ်မတော်က ပြန်လည်စစ်ဆေးခဲ့ရာ မှောင်ခိုမှောင်ခိုသမား ၁၅ ဦး သေဆုံးပြီး ကျောပိုးအိတ် ၂၉ အိတ်ကို တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

သံသယရှိသူများသည် မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများ ယူဆောင်လာမှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း နှင့် ထိုလမ်းကြောင်းသည် ထိုင်းနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ မှောင်ခိုသွင်းသည့် လမ်းကြောင်းတစ်ခုဖြစ်ကြောင်း ထိုင်းအဏာပိုင်များက ပြောကြားခဲ့သည်။

သိမ်းဆည်းရမိသည့် မက်သာတဖင်း စိတ်ကြွဆေး ပမာဏကို ထိုင်းအဏာပိုင်များက အတိအလင်း ဖော်ပြခဲ့ခြင်းမရှိသလို သံသယရှိသူများတွင် ထွက်ပြေးလွတ်မြောက်သွားသူ ရှိမရှိကိုလည်း အတိအလင်း ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

— ကိုးကား —
AP
ref; 15 suspected drug smugglers killed by Thai border patrol

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။