Trending Now

ဒေါ်အောင်ဆန်းစုကြည်အား ပိုမိုအရေးယူဆောင်ရွက်နိုင်သော်လည်း သက်ညှာထားခြင်းဖြစ်ကြောင်း နစက ဥက္ကဌပြော

Spread the love

ဒေါ်အောင်ဆန်းစုကြည်အား ပိုမိုအရေးယူဆောင်ရွက်နိုင်သော်လည်း သက်ညှာထားခြင်းဖြစ်ကြောင်း နစက ဥက္ကဌပြော

EPN
မြစ်ကြီးနား၊ဩဂုတ် ၂၀

ဒေါ်အောင်ဆန်းစုကြည်အား မိမိတို့အနေဖြင့် ဥပဒေအတိုင်း ပိုမိုအရေးယူဆောင်ရွက်နိုင်သော်လည်း သက်ညှာထားခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန် မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မဲစာရင်းမှားယွင်းမှုများကို ဥပဒေအတိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါက ယခုလို အခြေနေမျိုးရောက်ရှိလာမည်မဟုတ်သလို ဖမ်းဆီးဆောင်ရွက်စရာအကြောင်းလည်း ရှိလာမည်မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဥပဒေကြောင်းအရ ဖြေရှင်းဆောင်ရွက်မှု မပြုနိုင်သည့် အကြောင်းအရင်းများစွာ ရှိနေကြောင်းနှင့် ယင်းကိစ္စအား မိမိတို့အနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြောဆိုထားသည်။

လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အား အထူးအခွင့်အရေးပေး၍ နေအိမ်ကဲ့သို့ထားရှိ ဆောင်ရွက် ပေးထားပြီး မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်သွားမည်ကို ပြောရန် အချိန်စောလွန်းသေးကြောင်း နှင့် ဥပဒေအရ တရားစီရင်မှုကိစ္စများ ပြီး ဆုံးပြီးနောက် မိမိတို့၏လုပ်ဆောင်ချက်အပေါ် တုံ့ပြန်လာမှုများအား မူတည်၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် စဉ်းစားဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

လက်ရှိတွင်အသက် ၇၇နှစ်အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်အား ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ကစ၍ ဖမ်းဆီးထိန်းသိမ်းကာ အမှုပေါင်း ၂၀ခန့်ဖြင့် တရားစွဲဆိုထားပြီး ထောင်ဒဏ် ၁၇နှစ်အထိ ချမှတ်ခံထားရကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။