Trending Now

တနိုင်းမြို့ရှိ တံတားငယ်တစ်ခု ကုန်ကားဖြတ်သွားစဉ် ကျိုးကျမှုဖြစ်ပွား

Spread the love

တနိုင်းမြို့ရှိ တံတားငယ်တစ်ခု ကုန်ကားဖြတ်သွားစဉ် ကျိုးကျမှုဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဇူလိုင် ၁၀

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့ ဆွတ်ငိုင်ရပ်ကွက်၊ သာယာ (၁) အပိုင်းရှိ တံတားငယ်တစ်ခုမှာ ယမန်နေ့ ညနေပိုင်းက ကုန်ကားဖြတ်သွားစဉ် ကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ညနေပိုင်းတွင် တနိုင်းမိန်းလမ်းမကြီးမှ ဆွတ်ငိုင်ရပ်ကွက်ထဲ ကုန်များချရန် သွားခဲ့ရာမှ အဆိုပါ တံတားငယ်မှာ ခံနိုင်ဝန်မရှိ သကဲ့သို့ ဟောင်းနေပြီဖြစ်သည့်အတွက် ကျိုးကျခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ မနေ့ ညနေပိုင်းကဖြစ်သွားတာ။ ကုန်ကားက ပစ္စည်းချဖို့ ဆွတ်ငိုင်ရပ်ကွက်ဘက်ကို သွားရင်းကနေ အဲ့တံတားရောက်တော့ ကျိုးကျတာပေါ့။ ကားကမှောက်သွားတော့ မဟုတ်ဘူး။ တံတားပေါ်မှာ ဘာမှတော့မဖြစ်ဘူး။ ကရိန်းကားနှစ်စီးနဲ့ ဆွဲတင်လိုက်ပြီ။ အခုလက်ရှိတော့ တံတားကျိုးသွားလို့ ကားဆိုင်ကယ်သွားလာလို့ မရသေးဘူး။ ကားသမားတွေက ပြန်လုပ်ပေးမယ်တော့ကြားတယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါ တံတားကျိုးကျသွားသည့်အတွက် လက်ရှိတွင်ပြည်သူများ သွားလာ၍ မရသေးကြောင်း သိရပြီး၊ အဆိုပါ တံတားမှာ ရပ်ကွက်တံတားလေးဖြစ်သည့်အတွက် ကားသမားဘက်က လုပ်ဆောင်ပေးဖို့ ပြည်သူများက အလိုရှိကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။