Trending Now

” နိုင် ငံ တ ကာ မှာ ဆို လို့ ပြော ဖို့ လေ့ လာ သင့် တယ် “

Spread the love

 
” နိုင် ငံ တ ကာ မှာ ဆို လို့ ပြော ဖို့ လေ့ လာ သင့် တယ် ” 
 
EPN
ဆောင်းပါး၊ မေ ၁

ပ ညာ ရေး က ဏ္ဏ ပြောင်း လဲ မယ် ဆို ပြီး ဘက် ဂျက် က အ စ အ များ ကြီး တိုး မြှင့် ပေး ခဲ့ တယ် ။

အ ခု ထိ သိ သာ တဲ့ အ ပြောင်း အ လဲ မ မြင် ရ သေး ပေ မယ့် သိ သာ တဲ့ အ ပြောင်း အ လဲ တွေ လုပ် နေ ကြ တာ တော့ မြင် လာ ရ တယ် ။

သိ သာ တဲ့ ပြောင်း အ လဲ မ မြင် ရ ဘူး ဆို တာ ပ ညာ ရေး သင် ရိုး ညွှန်း တမ်း တွေ ၊ သင် ထောက် ကူ ပ စ္စည်း တွေ ၊ သင် ကြား ပုံ တွေ က တ ကယ် ကို နိုင် ငံ တ ကာ စံ ချိန် မှီ လာ လား မ မှီ သေး ဘူး လား ဆို တာ မ ဆုံး ဖြတ် တတ် သေး တာ ။

သိ သာ တဲ့ အ ပြောင်း အ လဲ တွေ လုပ် လာ ကြ တယ် ဆို တာ က တော့ ဒီ ရပ် ကွက် ထဲ က လူ မ ဟုတ် ရင် ဒီ ကျောင်း မှာ ပေး မ အပ် နဲ့ တို့ ၊ အ ချက် ဘယ် နှစ် ချက် နဲ့ မ ညီ ညွတ် ရင် ကျောင်း ကား မ လုပ် ရ ဘူး တို့ ဆို တာ မျိုး အ ပြင် အ ခု နောက် ဆုံး ကျောင်း သား တွေ မတ် လ လို အ ချိန် မျိုး မှာ ပါ ကျောင်း တက် ရ ပြီး ဆယ် တန်း တွေ ဧ ပြီ သ ြင်္ကန် လ မှာ စာ မေး ပွဲ ဖြေ ရ မယ် ဆို တာ မျိုး တွေ ကို ပြော တာ ။

မြန် မာ နိုင် ငံ က ပြည် နယ် ပြည် မ တိုး တက် မှု ကွာ ခြား တယ် ။ ရန် ကုန် မြို့ TTC တို့ ဒ ဂုံ ( ၁ ) တို့ မှာ ပ ညာ သင် ပေး ရ တဲ့ ဆ ရာ နဲ့ ချင်း ပြည် နယ် ဖ လမ်း တို့ တီး တိန် တို့ မှာ ပ ညာ သင် ပေး ရ တဲ့ ဆ ရာ မ တူ ဘူး ။

ရာ သီ ဥ တု က လည်း အ ညာ ဒေ သ တွေ မှာ နွေ အ ခါ အ ပူ ချိန် က ၄၅ ၄၆ ဒီ ဂ ရီ လောက် အ ထိ ဖြစ် တတ် သ လို မိုး အ ခါ ကြိုး တံ တား ပျက် ကျ လို့ ချောင်း ထဲ ဆင်း ပြီး ကျောင်း သွား ရ တာ မျိုး လည်း ရှိ တယ် ။

နောက် တစ် ခု က မြန် မာ ကျောင်း သား အ များ စု က ရန် ကုန် TTC တို့ ဒ ဂုံ ( ၁ ) တို့ မှာ ဂုဏ် တု ဂုဏ် ပြိုင် တွေ နဲ့ ချမ်း သာ တာ ချင်း ပြိုင် နေ ကြ ပေ မယ့် နယ် ဒေ သ တော ဒေ သ တွေ မှာ လယ် ထဲ ဆင်း ပြီး မှ ကျောင်း လာ ရ တဲ့ က လေး မျိုး ရှိ သ လို မန် ကျီး ရွက် ခူး ရောင်း ပြီး ထ မင်း ဖိုး အိမ် အပ် ပြီး မှ ကျောင်း လာ ရ မယ့် က လေး မျိုး လည်း ရှိ နိုင် တယ် ။

တစ် ချို့ ဒေ သ တွေ စစ် ဘေး ရှောင် နေ ရ တာ မျိုး လည်း ရှိ ပါ သေး တယ် ။

ဒီ လို အ ခြေ အ နေ တွေ မှာ ကျောင်း တက် ကာ လ ကို အ ရင် ထက် ဆွဲ ဆန့် ပြီး နွေ ခေါင် ခေါင် မတ် လ မှာ ကျောင်း တက် ခိုင်း ရင် ဘယ် လို အ ကျိုး ကျေး ဇူး ပို ရ သ လဲ ဆို တာ ကို လိုက် နာ ရ မယ့် ကာ ယ ကံ ရှင် တွေ ကို ချ ပြ ဖို့ သင့် တယ် လို့ ထင် တယ် ။

ဖြစ် လာ နိုင် တာ တော် ပါ ပြီ အ ချိန် ကုန် တယ် ဆို ပြီး ကျောင်း ကို မ အပ် တော့ ဘူး ဆို တာ တွေ ကြား လာ ရ နိုင် တယ် ။ တစ် ချို့ ဆင်း ရဲ တဲ့ သူ တွေ က ကျောင်း ကို ၆ လ လောက် တက် သူ တို့ မိ သား စု အ လုပ် ၆ လ လောက် လုပ် ဆို တဲ့ အ ထိ အ လို ရှိ ကြ တာ ။

မြန် မာ နိုင် ငံ ရဲ့ သ ဘော သ ဘာ ဝ နဲ့ အ ခြေ အ နေ ကို လူ ကြီး လုပ် သူ တွေ နား လည် ထား ဖို့ လို ပါ တယ် ။

ရှစ် တန်း လေး တန်း ကို အ စိုး ရ စစ် ဆို ပြီး တစ် နိုင် ငံ လုံး တစ် ပြိုင် တည်း ကျင်း ပ တယ် ။ သာ မန် ထက် ဘက် ဂျက် အ ဆ ပေါင်း များ စွာ ပို သုံး ရ တယ် ။ အောင် စာ ရင်း ထွက် တော့ မ အောင် မ နေ ရ ။

ဒါ ဆို ဘာ အ တွက် ပိုက် ဆံ ပို ကုန် စေ တာ ပါ လဲ ။

ပ ညာ ရေး စ နစ် မြှင့် တင် မယ် ပြော ပြီး စာ တတ် တတ် မ တတ် တတ် အ အောင် ပေး နေ ရ တာ အ ဓိ ပါ္ပယ် မ ရှိ သ လို ရည် မှန်း ချက် လည်း အ ထ မြောက် မှာ မ ဟုတ် ဘူး ။

ဒါ ဆို မ အောင် ရင် စာ မေး ပွဲ ချ ရ မ လား ဆို ရင် ကျောင်း သား အ များ စု အ လယ် တန်း အ ဆင့် က နေ အ ပေါ် ကို ရောက် တော့ မှာ မ ဟုတ် ဘူး စာ မေး ပွဲ ကျ လို့ ။ စာ မေး ပွဲ ကျ ရ တဲ့ အ ကြောင်း ရင်း က ကျောင်း သား တ ကယ် မ တတ် တာ ကြောင့် ကော ဆ ရာ ရဲ့ ပ ယော ဂ ကြောင့် ကော ဖြစ် ကုန် လိမ့် မယ် ။

အ မှန် တော့ မ အောင် မ နေ ရ မ ဟုတ် ပါ ဘူး အ ကျ ရှိ ပါ တယ် ။ ဒါ ပေ မဲ့ ကိုယ့် အ တန်း က ကျောင်း သား ကျ ခဲ့ ရင် ဆ ရာ ဆ ရာ မ ထု ချေ လွှာ တင် ရ မယ် ၊ နယ် ပြောင်း ခံ ရ မယ် ဆို တော့ ဘယ် သူ က စာ မေး ပွဲ ချ တော့ မှာ လဲ ။ စ နစ် ကို က မှား နေ တာ ။

အ ခု လည်း စ နစ် မှား တစ် ခု ကို အ ကောင် အ ထည် ဖော် လာ ပြန် ပြီ လို့ ထင် တယ် ။

ကျောင်း တွေ မတ် လ အ ကုန် အ ထိ တက် ရ ပြီး ဆယ် တန်း တွေ ဧ ပြီ လ မှ စာ မေး ပွဲ ဖြေ ရ မယ် ဆို ရင် နိုင် ငံ တော် ရယ် ၊ ကျောင်း သား တွေ ရယ် ၊ ကျောင်း သား မိ ဘ တွေ ရယ် ၊ ဆ ရာ တွေ ရယ် အ တွက် ဘာ အ ကျိုး တွေ ပို ရ လာ မ လဲ ။

Tropical zone လို့ ခေါ် တဲ့ အ ပူ ပိုင်း ဇုံ မှာ တည် ရှိ တဲ့ မြန် မာ နိုင် ငံ မှာ မြန် မာ ပြည် ရဲ့ အ ပူ ဆုံး ကာ လ တန် ပေါင်း တ ခူး လ တွေ မှာ ကျောင်း တက် ရ မယ့် ကျောင်း သား တွေ ဆ ရာ တွေ ၊ ကျောင်း ကြို ကျောင်း ပို့ လုပ် ရ မယ့် မိ ဘ တွေ အ တွက် ထည့် စဉ်း စား ပြီး ပြီ လား ။

ဝန် ကြီး တောင် ဖြစ် နေ မှ တော့ အ တော် ဆုံး လူ မ ဟုတ် တောင် နား လည် တဲ့ သူ တော့ ဖြစ် မယ် လို့ တော့ ထင် ပါ တယ် ။ အ မိန့် တစ် ခု ထုတ် ရင် ဘက် ပေါင်း စုံ က စဉ်း စား ပြီး သား ဖြစ် သင့် တာ ပေါ့ ။

မြန် မာ နိုင် ငံ က ဏ္ဏ ပေါင်း စုံ မှာ စိတ် ပိုင်း ဆိုင် ရာ ခံ စား ချက် ကို ထည့် တွက် တတ် တဲ့ တာ ဝန် ရှိ တဲ့ သူ မ တွေ့ ရ သ လောက် ရှား လာ တယ် ။

ဒီ ခေတ် မှာ လူ ကြီး လုပ် ရ တာ အ ရမ်း ကံ ကောင်း တယ် ။ တစ် နေ့ က ပဲ အ မေ ရိ ကန် တို့ စ င်္ကာ ပူ တို့ မှာ မီး ပျက် ရင် ရက် နဲ့ ချီ ကြာ တယ် ဆို တဲ့ လူ ကြီး တစ် ယောက် လွှတ် တော် ထဲ ဘက် ဂျက် တွေ အ ပြည့် ချ ပေး ဖို့ တောင်း သွား တယ် ။

မ ကြာ ခင် ဆောင်း တွင်း က လည်း အ စိုး ရ လက် ထက် ၃ နှစ် လောက် သစ် မ ခုတ် လိုက် တာ မြန် မာ ပြည် ကြီး အေး လာ တယ် ဆို တဲ့ တစ် ယောက် လည်း လွှတ် တော် ထဲ က ပဲ မ ဟုတ် လား ။

ရပ် ကွက် ကျော် ပြီး ကျောင်း မ အပ် ရ ဘူး ဆို တာ လည်း ရပ် ကွက် တိုင်း မှာ ရှိ နေ တဲ့ ကျောင်း ရဲ့ အ ရွယ် အ စား နဲ့ ဆ ရာ ဆ ရာ မ အား လုံး တူ ညီ နေ ပြီး ရပ် ကွက် ထဲ ရှိ တဲ့ လူ ပါ ညီ မျှ နေ ရင် တော့ ဟုတ် တာ ပေါ့ ။ တစ် ယောက် ပဲ ရှိ ရင် တစ် ယောက် ကို ပဲ သင် ဆို တာ လည်း သိပ် တော့ လက် တွေ့ မ ကျ ပါ ဘူး ။

တစ် ခါ က လည်း MSc မ ဟာ ဘွဲ့ ရ တွေ ကို တစ် ရက် တစ် ထောင် ကျပ် ( ၁၀၀၀ ကျပ် ) တစ် လ ကို နှစ် သောင်း နဲ့ တ က္က သိုလ် အ ချိန် ပိုင်း နည်း ပြ ခန့် ဖို့ လုပ် တာ လည်း လက် ရှိ ဝန် ကြီး အ ချိန် ပဲ မ ဟုတ် လား ။

တစ် ချို့ တစ် ချို့ တွေ လက် ရှိ ရာ ထူး က ကိုယ် နဲ့ ထိုက် တန် ကြောင်း လက် ခံ နိုင် အောင် ပြ နိုင် သင့် တယ် ။

သူ တို့ အ သုံး ပြု နေ ကျ စ ကား ကို ယူ သုံး ရ ရင် နိုင် ငံ တ ကာ မှာ ဆို ရုပ် ပိုင်း ဆိုင် ရာ ( Physically ) အ တွက် ဂ ရု စိုက် နေ တဲ့ အ ဆင့် က နေ စိတ် ပိုင်း ဆိုင် ရာ ( Mentally ) ခံ စား မှု အ တွက် ကို ပါ ထည့် စဉ်း စား နေ ကြ တာ ကြာ လှ ပါ ပြီ ။ နိုင် ငံ တ ကာ နဲ့ ယှဉ် ပြော ချင် ရင် နိုင် ငံ တ ကာ အ ကြောင်း တ ကယ် သိ ဖို့ လို တယ် ။

ကျောင်း သား တွေ ၊ ကျောင်း သာ မိ ဘ တွေ ၊ ကျောင်း ဆ ရာ တွေ အ ပြင် အား လုံး အ တွက် ပိုက် ဆံ လည်း ပို ကုန် ပြီး ပို ပင် ပန်း ရ မယ့် ကိ စ္စ ကို သ ြင်္ကန် လ မှာ စာ မေး ပွဲ ဖြေ စေ ပြီး ကျောင်း ချိန် တစ် လ ပို စေ လိုက် တာ တစ် နိုင် ငံ လုံး အ တွက် ဘယ် လို ပို ပြီး ကောင်း မွန် သွား စေ မှာ ပါ ဆို တဲ့ ကိ စ္စ ကို ရှင်း ပြ သင့် တယ် ။

ဒီ ထက် ကျယ် ကျယ် ပြန့် ပြန့် လေ့ လာ သင့် သေး တယ် ထင် တယ် ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )

—————————————————————————–
 
 
EPN

ပ ညာ ရေး က ဏ်ဏ ပွောငျး လဲ မယျ ဆို ပွီး ဘကျ ဂကြျ က အ စ အ မြား ကွီး တိုး မွှင့ျ ပေး ခဲ့ တယျ ။































Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။