Trending Now

ချောင်းသာနှင့် ငွေဆောင်ကမ်းခြေသို့ မိုးရာသီဖြစ်သော်လည်း တစ်ရက် ခရီးသွားဧည့်သည် ၂၀၀ ကျော်အထိ လာရောက် လည်ပတ်နေ

Spread the love

ချောင်းသာနှင့် ငွေဆောင်ကမ်းခြေသို့ မိုးရာသီဖြစ်သော်လည်း တစ်ရက် ခရီးသွားဧည့်သည် ၂၀၀ ကျော်အထိ လာရောက် လည်ပတ်နေ

EPN
ဧရာဝတီ၊ စက်တင်ဘာ ၁၉ (၂၀၂၃)

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်မှ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေတွင် မိုးရာသီဖြစ်သော်လည်း တစ်ရက်လျှင် ခရီးသွားဧည့်သည် ဦးရေ ၂၀၀ ကျော်အထိလာ ရောက်လည် ပတ်လျက်ရှိကြောင်း သိရသည်။

ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်ခြေတွင် မိုးရာသီဖြစ်သော်လည်း တစ်ရက်လျှင် ခရီသွားဧည့်သည် ဦးရေ ၂၀၀ ကျော်အထိလာရောက် လည်ပတ်လျက်ရှိကြောင်း၊ စနေနှင့် တနင်္ဂါနွေနေ့များ၌ တစ်ရက်လျှင် ခရီးသွားဧည့် သည် ဦးရေ ၄၀၀ မှ ၅၀၀ ကျော်အထိ လာရောက်လည် ပတ်နေကြောင်း ပုသိမ် ခရီးသွားဧည့်လမ်းညွန် တစ်ဦးက ပြောသည်။

”ဒီချောင်းသာနဲ့ ငွေဆောင်ကမ်းခြေမှာ ခရီးသွားတွေက မိုးကာလဖြစ်ပေမယ့် မပြတ်လာရောက်နေတယ်။ခရီးသွား ဧည့်သည်တွေအလာမပြတ်တော့ ကျွန်မတို့လို ဧည့်လမ်း ညွှန်တွေအပြင် ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့သူတွေ အဆင်ပြေနေပါတယ်။ ချောင်းသာကမ်းခြေကိုလာတဲ့ခရီး သွားတွေထဲမှာ ရန်ကုန်တိုင်းဘက်က အများဆုံးလာရောက်
နေတာ တွေ့ရပါတယ်။”ဟု ၎င်းကပြောသည်။

အဆိုပါ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေသို့ လာရောက်လည်ပတ် အပန်းဖြေသည့် ခရီးသွားဧည့်သည်များ လည်ပတ်မှု မပြတ်သော်လည်း ညအိပ်တည်ခိုသည် ခရီးသွားဧည့်သည် နည်းပါးနေသဖြင့် ကမ်းခြေမှ ဟိုတယ်လုပ်ငန်းများ အခက်အခဲဖြစ်ပေါ်နေကြောင်း ဟိုတယ် လုပ်ငန်းရှင်များထံမှ သိရသည်။

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၌ ကမ်းခြေများ၌ ရီးသွားဧည့်သည်များ အား ဝန်ဆောင်မှုပေးရန် ငွေဆောင်ကမ်းခြေတွင် လိုင်စင်ရဟိုတယ် ၃၅ လုံး၊ ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေတွင် လိုင်စင်ရ ဟိုတယ် ၃၉ လုံးအထိ ရှိကြောင်း သိရသည်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။