Trending Now

အင်းတော်မြို့အနီးတွင် အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ မြေငလျင်လှုပ်ခတ်

Spread the love

အင်းတော်မြို့အနီးတွင် အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ မြေငလျင်လှုပ်ခတ်

EPN
အင်းတော်၊ ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အင်းတော်မြို့အနီးတွင် ယနေ့ မွန်းတည့် ၁၂ နာရီ ၂၁ မိနစ်အချိန်တွင် အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂) နာရီ၊ (၂၁) မိနစ်၊ (၂၅) စက္ကန့်အချိန်တွင် ကသာ မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၈)မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (အင်းတော်မြို့၏ မြောက်-အနောက်မြောက်ဘက် (၈)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၃၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၉) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိ သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်း ထုတ်ပြန်ထားသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။