Trending Now

ဆွမ်ပရာဘွမ်မြို့နယ်အတွင်းက အရပ်ဘက် နိုင်ငံ့ဝန်ထမ်းများကို KIA၊ PDF ပူးပေါင်းအဖွဲ့မှ ဖမ်းဆီး၊ ယနေ့အထိပြန်လည်လွတ်မြောက်လာခြင်းမရှိ

Spread the love

ဆွမ်ပရာဘွမ်မြို့နယ်အတွင်းက အရပ်ဘက် နိုင်ငံ့ဝန်ထမ်းများကို KIA၊ PDF ပူးပေါင်းအဖွဲ့မှ ဖမ်းဆီး၊ ယနေ့အထိပြန်လည်လွတ်မြောက်လာခြင်းမရှိ

EPN
ပူတာအို၊ မတ် ၂၁ (၂၀၂၄)

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားပြီး အရပ်ဘက် နိုင်ငံ့ဝန်ထမ်းများကို KIA၊ PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးသွားရာ ယနေ့အထိ ပြန်လည်လွတ် မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်အတွင်း မတ်လ ၈ ရက်နေ့က တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့၍ ဒေသခံပြည်သူများနှင့် အရပ်ဘက် နိုင်ငံ့ဝန်ထမ်းများ ဘေးလွတ်ရာ ရှောင်တိမ်းရာ၌ မတ်လ ၁၄ ရက်နေ့တွင် အရပ်ဘက် နိင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူ တချို့အား KIA၊ PDF ပူးပေါင်းအဖွဲ့မှ အကြောင်းပြချက်မရှိ ဖမ်းဆီးခေါ်ဆောင်သွားရာ ယနေ့အထိ ပြန်လည်လွှတ်ပေးခြင်း မရှိခဲ့ကြောင်း သိရသည်။

” ဆွမ်ပရာဘွမ်မြို့အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်။ ၈ ရက်နေ့၊ နေ့လည်ပိုင်းက စဖြစ်တယ်။ ဒေသခံတွေနဲ့ အရပ်ဘက် နိုင်ငံ့ဝန်ထမ်းတွေ မြို့ပေါ် တောင်တန်းသာသနာပြု ဘုန်းကြီးကျောင်းကို ပြေးကြတယ်။ အဲ့မှာ မလုံခြုံလို့ အင်တားဂလူ ကျေးရွာဘက် ဆရာတော်ဦးဆောင်ပြီး နေရာရွှေ့ပေးခဲ့တယ်။ အဲ့ဒီမှာ KIA၊ PDF အဖွဲ့က အကုန်ဖမ်းခေါ်သွားတာ။ အခုထိ အဆက် အသွယ်မရ ဖြစ်နေတယ် ” ဟု ၎င်းကရှင်းပြသည်။

တိုက်ပွဲများ ဆက်လက်ပြင်းထန်းလာ၍ မတ်လ (၁၄) ရက်နေ့တွင် မြို့ပေါ် တောင် တန်းသာသနာပြု ဆရာတော်မှ ဒေသခံပြည်သူများ၊ အရပ်ဘက် နိုင်ငံ့ဝန်ထမ်းများကို လုံခြုံစိတ်ချရသည့် အင်တားဂလူ ကျေးရွာဘက်သို့ ရွှေ့ပြောင်းပေးရာ KIA၊ PDF ပူးပေါင်းအဖွဲ့က ရောက်ရှိလာပြီး ည ၈ နာရီ အချိန်ခန့်တွင် တိမ်းရှောင်နေသူ ဒေသခံပြည်သူနှင့် အရပ်ဘက် နိုင်ငံ့ဝန်ထမ်း အပါအဝင် စုစုပေါင်း သုံးဆယ်နီးပါးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးခံရသည့် ပြည်သူများနှင့် အရပ်ဘက် နိုင်ငံ့ဝန်ထမ်းများ ပြန်လည်လွတ်မြောက်လာခြင်း မရှိ၍ ၎င်းတို့၏ မိဘ၊ ဆွေမျိုးများမှ စိတ်ပူနေကြောင်း သိရပြီး၊ ပြန်လည် လွတ်မြောက်လာရန် အရပ်ဘက် အကျိုးတော်ဆောင် အဖွဲ့များမှ အမြန်ဆုံး ကူညီဆောင်ရွက်ပေးစေနိုင်ရန် ဒေသခံများက လိုလားနေကြသည်။

ရန်နိုင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။