Trending Now

ယူကရိန်းနဲ့ ရုရှားကြား အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ဖို့ တရုတ်နိုင်ငံက တောင်းဆို

Spread the love

ယူကရိန်းနဲ့ ရုရှားကြား အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ဖို့ တရုတ်နိုင်ငံက တောင်းဆို

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၅

ယူကရိန်းနဲ့ ရုရှားကြား အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြုလုပ်ဖို့ တရုတ်နိုင်ငံက သောကြာနေ့မှာ တောင်းဆိုခဲ့တာကို ယူကရိန်းသမ္မတက လက်ခံခဲ့ပေမယ့် အခြေအနေပါ်မှုတည်တယ်လို့ ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ထဲမှာ တိုက်ပွဲတွေ အဆုံးသတ်ရေး အဆိုပြုချက် ၁၂ ချက်ကိုဖော်ပြထားပြီး ပဋိပက္ခနဲ့ စစ်ပွဲက ဘယ်သူ့ကိုမှ အကျိုးမပေးဘူး၊ နှစ်ဖက်စလုံးက ဆင်ခြင်တုံတရား နဲ့ ထိန်းထိန်းသိမ်းသိမ်း ကျင့်သုံးကြဖို့၊ တင်းမာမှုများ ပိုမိုမဆိုးရွားလာစေဖို့နဲ့ အကျပ်အတည်းကို ပိုမိုဆိုးရွားလာစေမယ့် လုပ်ရပ်တွေ မလုပ်ကြဖို့ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို အဆုံးသတ်ဖို့နဲ့ နိုင်ငံအားလုံးဟာ မိမိနိုင်ငံရဲ့အချုပ်အခြာအာဏာကို လက်ကိုင်ထားသင့်တယ်ဆိုတာအပြင် အရပ်သားတွေ နဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံတွေကို တိုက်ခိုက်မှုရပ်တန့်ဖို့ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ တစ်နှစ်ကစတင်ခဲ့တဲ့ စစ်ပွဲမှာ ဘက်မလိုက်တဲ့ ရပ်တည်ချက်ရှိတယ်ဆိုထားပေမယ့် ယူကရိန်းအပေါ် ကျူးကျော်ခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်ဖို့ငြင်းဆိုခဲ့တဲ့အပြင် အနောက်နိုင်ငံတွေက ယူကရိန်းကို လက်နက်ထောက်ပံ့ပြီး ပဋိပက္ခကို မီးထိုးပေးနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

Ref; China issues peace plan; Zelenskyy says he’ll await details

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။