Trending Now

တနိုင်းချောင်းတွင် ရေနှင့်မျှောပါလာသည့် အမည်မသိအမျိုးသားတစ်ဦး ရုပ်အလောင်တွေ့ရှိ

Spread the love

တနိုင်းချောင်းတွင် ရေနှင့်မျှောပါလာသည့် အမည်မသိအမျိုးသားတစ်ဦး ရုပ်အလောင်တွေ့ရှိ

EPN
မြစ်ကြီးနား၊စက်တင်ဘာ ၁၇

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းချောင်းတွင် ရေနှင့်မျှောပါလာသည့် အသက် ၃၅ နှစ်အရွယ် အမည်မသိအမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား ယမန်နေ့နံနက် ၁၀ နာရီခန့်‌တွင် တွေ့ရှိခဲ့ကြောင်း တနိုင်းမီးသတ်ဌာနမှ သိရသည်။

တနိုင်းမြို့ ဆင်မ်ဆာ့ရပ်ကွက်အနီးရှိ တနိုင်းချောင်းတွင် အမည်မသိအမျိုးသားတစ်ဦး၏ ရုပ်လောင်းတစ်ခု ကမ်းဘေးနားတွင် တွေ့ရှိရကြောင်း ဒေသခံများက အကြောင်းကြားလာ၍ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ဆယ်ယူခဲ့ကြောင်း တနိုင်းမီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုထိရေနှစ်တဲ့သူကဘယ်သူဘယ်ဝါလည်းမသိရသေးဘူး၊ ခန့်မှန်ခြေအရ သူရေနှစ်တာ နှစ်ရက်လောက်တော့ ရှိပြီ ၊ ဘယ်လို‌ကြောင့်ရေနှစ်သွားတာလဲမသိရဘူး၊ မနေ့က အပေါ်ဘက်ကနေမျှောလာတယ် ဆိုတာလောက်ပဲ သိရတယ်၊ အနီးနားကဒေသခံတွေက‌ ရုပ်‌အလောင်းတွေ့လို့အကြောင်းတာနဲ့ကျွန်တော်တို့က သွားဆယ်ယူပြီး ဆေးရုံကို‌ပို့ပေးလိုက်တယ်၊‌ ရေနှစ်သူရဲ့ဆွေမျိုးနာမည်တွေကို စုံစမ်းနေတုန်းပဲရှိသေးတယ်” ဟု ၎င်းကပြောသည်။

အဆိုပါရေနှစ်သေဆုံးသူကို သူရိယပန်းတိုင် နာရေးကူညီမှုအသင်းကားဖြင့် တနိုင်းမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယခုလက်ရှိအချိန်အထိ သေဆုံးသူ၏ ရုပ်အလောင်းကို တနိုင်းပြည်သူ့ဆေးရုံတွင်ထားရှိကာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင် သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။