Trending Now

မြစ်ကြီးနားတွင် ကျပ်သိန်း (၂၅၀)ခန့်အသုံးပြုကာ အောက်စီဂျင်စက်ရုံအတွက် လိုအပ်သည့် အဆောက်အအုံ သစ် တည်ဆောက်သွားမည်

Spread the love

မြစ်ကြီးနားတွင် ကျပ်သိန်း (၂၅၀)ခန့်အသုံးပြုကာ အောက်စီဂျင်စက်ရုံအတွက် လိုအပ်သည့် အဆောက်အအုံ သစ် တည်ဆောက်သွားမည်

EPN

မြစ်ကြီးနား၊ မတ်လ ၈

ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုဖြစ်သည့် ပေးဆပ်သူ အခမဲ့ လူမှုကူညီရေးအသင်းမှ အလှူရှင်များနှင့်ပူးပေါင်းကာ ကျပ်သိန်း (၂၅၀)ခန့် အသုံးပြုပြီး အောက်စီဂျင် စက်ရုံအတွက် လိုအပ်နေသည့် အဆောက်အုံသစ်ကို ခေမာသီရိရပ်ကွက်၊ ခေမာသီရိကျောင်းတိုက်အနီး၊ ပေးဆပ်သူအခမဲ့ လူမှုကူညီရေးရုံးဘေးတွင် ယခုလမှ စတင်ကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အောက်စီဂျင် စက်ရုံအဆောက်အအုံ တည်ဆောင်ရန် မြေနေရာကို ခေမာသီရိကျောင်းတိုက် ကျောင်းထိုင်ဆရာတော်မှ မြေနေရာအတွက် မတည်လှူဒါန်းခဲ့ပြီး အလှူရှင်များနှင့် ပူးပေါင်းကာ ယနေ့ (မတ်လ၈ရက်နေ့)က စတင်ကာ ပေးဆပ်သူ အခမဲ့ လူမှုကူညီရေးအသင်းကြီး၏ အောက်စီဂျင်စက်ရုံ အဆောက်အုံသစ် တည်ဆောက်ရေး ပန္နက်ရိုက်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ပြီးကြောင်း ပေးဆပ်သူ အခမဲ့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” ခေမာသီရိကျောင်းတိုက်ဆရာတော်က မတည်ပြီး အောက်စီဂျင်စက်ရုံအဆောက်အအုံသစ် ဆောက်ဖို့ မြေနေရှာလှူဒါန်းတဲ့အတွက်ကြောင့် စက်ရုံအဆောက်အုံ ဆောက်လုပ်သွားမှာ ဖြစ်တယ်၊ ဒီနေ့မနက် က ပန္နက်ရိုက်တာတွေပြုလုပ်ပြီး စတင်ဆောက်လုပ်နေပြီဖြစ်တယ်၊ အခုလက်ရှိဆောက်ထားတဲ့ ကွန်တိန်နာ လေးနဲ့က နေရာလဲကျဉ်းတယ် ကွန်တိန်နာပေါ်မှာ ဆောက်ရတာဖြစ်တော့ အခက်အခဲလေးတွေလဲရှိတယ်၊ အခုတော့ သေသေချာချာအဆောက်အုံလုပ်ပြီး အောက်စီဂျင် စက်ရုံတည်သွားမှာဖြစ်တယ် ၊” ဟု ၎င်းကပြောသည်။


အဆိုပါ အောက်စီဂျင်စက်ရုံကို ခေမာသီရိရပ်ကွက် ပေးဆပ်သူအခမဲ့ လူမှုကူညီရေးရုံးဘေးရှိ မြေဧက အလျား (၅၀) အနံ (၂၅)ပေရှိသည့် မြေနေရာပေါ်တွင်ဆောက်လုပ်သွားမှာဖြစ်ပြီး အဆောက်အအုံမှာ သံကူကွန်ဂရစ် အဆောက်အအုံအမျိုးအစားဖြစ်ကာ ကျပ်သိန်း(၂၅၀) အသုံးပြုသွားရန် လျာထားကြောင်းသိရသည်။

လက်ရှိတွင်လည်း ပေးဆပ်သူ အခမဲ့ လူမှုကူညီရေးအသင်းကြီးမှ (၂၀၂၁)ခုနှစ်သြဂုတ်လ(၂၈)ရက်နေ့မှစတင်ကာ ယာယီ အောက်စီဂျင်စက်ရုံတည်ဆောက်ထားပြီး တစ်နေ့လျှင်ပျမ်းမျှ အောက်စီဂျင်အလုံးရေ (၆၀)ခန့် ထုတ်လုပ်ပေးလျှက်ရှိကြောင်းသိရသည်။

ဗညားနွဲ့

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။