Trending Now

ယူကရိန်းကလေးတွေကို ထောက်ပံ့ဖို့အတွက် နိုဘယ်ဆုကို ဒေါ်လာ ၁၀၄ သန်းနဲ့ ရောင်းချလိုက်တဲ့ ရုရှားသတင်းစာဆရာ

Spread the love

ယူကရိန်းကလေးတွေကို ထောက်ပံ့ဖို့အတွက် နိုဘယ်ဆုကို ဒေါ်လာ ၁၀၄ သန်းနဲ့ ရောင်းချလိုက်တဲ့ ရုရှားသတင်းစာဆရာ

EPN
နိုင်ငံတကာ၊ ဇွန် ၂၁

ရုရှားသတင်းစာဆရာ ဒီမီထရီ မူရတ်ဗ်ဟာ ရုရှားရဲ့ ကျူးကျော်မှုကြောင့် အိုးမဲ့အိမ်မဲ့ကလေးတွေကို ထောက်ပံ့ဖို့အတွက် သူ့ရဲ့ နိုဘယ်ဆုတံဆိပ်ကို ဒေါ်လာ ၁၀၃ ဒသမ ၅ သန်းနဲ့ လေလံတင်ရောင်းချလိုက်ကြောင်း ရိုက်တာသတင်းဌာနက ဒီနေ့ ဖော်ပြထားပါတယ်။

မူရတ်ဗ်ဟာ ရောင်းချလို့ရတဲ့ ငွေတွေအားလုံးကို စစ်ပွဲကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရတဲ့ ကလေးငယ်တွေကို ကူညီဖို့ အတွက် ယူနီဆက်ဖ်ကို တိုက်ရိုက်ပေးအပ်လှူဒါန်းသွားမယ်လို့ ပြောပါတယ်။

Novaya Gazeta သတင်းစာရဲ့ အယ်ဒီတာ ဖြစ်တဲ့ ဒီမီထရီ မူရတ်ဗ်ဟာ လွတ်လပ်စွာပြောရေးဆိုခွင့် အတွက် တိုက်ပွဲဝင်ခဲ့တာကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ၂၀၂၁ ခုနှစ်မှာ ရရှိခဲ့တာဖြစ်ပါတယ်။

“ဒီနေ့ အရေးကြီးဆုံး သတင်းစကားက စစ်ပွဲတွေ ဖြစ်ပွားနေတယ်ဆိုတာကို ပြည်သူတွေ နားလည်သဘောပေါက်ဖို့နဲ့ အဆင်းရဲဆုံး ဒုက္ခရောက်နေတဲ့သူတွေကို ကူညီပေးဖို့ လိုအပ်ပါတယ် အဓိက ကတော့ ကလေးတွေရဲ့ အနာဂတ်ကို ကျွန်တော်တို့ပြန်လိုချင်တယ်” လို့ မူရတ်ဗ် ကပြောပါတယ်။

Novaya Gazeta သတင်းစာဟာ အမှီအခိုကင်းတဲ့ သတင်းဌာနတွေထဲက တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လက နိုင်ငံဥပဒေကို ချိုးဖောက်မှုနဲ့ ဒုတိအကြိမ်သတိပေးခံရပြီးနောက် ယူကရိန်းစစ်ပွဲပြီးတဲ့အချိန်အထိ သတင်းဌာနကို ရပ်နားထားမယ်လို့ ဆိုပါတယ်။

Source – ရိုက်တာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။