Trending Now

ဈေးနှုန်းသက်သာသည့် ယူရီးယား မြေသြဇာများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြေဩဇာအရောင်းဆိုင်များသို့ ဖြန့်ဖြူးရောင်းချသွားမည်

Spread the love

ဈေးနှုန်းသက်သာသည့် ယူရီးယား မြေသြဇာများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြေဩဇာအရောင်းဆိုင်များသို့ ဖြန့်ဖြူးရောင်းချသွားမည်

EPN
မြစ်ကြီးနား ဇွန်လ ၃

ယူရီးယားမှ ပထမအသုတ် ရောက်ရှိလာခဲ့သည့် မြေသြဇာများကို တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြေသြဇာအရောင်းဆိုင်များထံ ဇွန်လ ၃ ရက်နေ့မှ စတင်ကာ ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင် ယမန်နေ့က ပြုလုပ်သည့် ယူရီးယားမြေဩဇာဝ ယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းဥက္ကဌ ပြည်ထောင်စုဝန်ကြီးဦးလှမိုးက ပြောသည်။

ယမန်နေ့ မေလ ၂ ရက်နေ့က ယူရီးယား မြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေးတွင် အရည်အသွေးပြည့်မီသည့် ယူရီးယား မြေဩဇာများ တောင်သူများလက်ဝယ်စိုက်ပျိုးရာသီအမှီ ရောက်ရှိစေရေး အတွက် ဖြန့်ဖြူးရောင်းချခြင်းကို မြန်မာနိုင်ငံသားလုပ်ငန်းရှင် ကုမ္ပဏီများ စုစည်းထားသည့် Consortium အဖွဲ့နှင့် မြန်မာဆန်စပါး အသင်းချုပ် တို့နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ပထမအသုတ်အနေဖြင့် ယူရီးယားမြေဩဇာ တန်ချိန် ၆၀၁၈၈ တန် တင်သွင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ယူရီးယားမြေဩဇာတစ်အိတ်လျှင် ရန်ကုန်ဂိုဒေါင်ဈေးနှုန်းမှာ ငွေကျပ် ၈၆၀၀၀ ဖြစ်ပြီး ဒေသသယ်ယူစရိတ်အပေါ်မူတည်၍ ငွေကျပ် ၈၇၈၀၀ မှ ၈၉၄၀၀ ထိ ကျသင့်မည်ဖြစ်ကြောင်း၊ လက်ရှိရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် မြေဩဇာတစ်အိတ်လျှင် ငွေကျပ် ၉၂၀၀၀ မှ ၉၅၀၀၀ ခန့် ဖြစ်သည့်အတွက် ငွေကျပ် ၁၀၀၀၀ ကျော်ခန့် သက်သာမည်ဖြစ်ကြောင်း သိရသည်။

ပထမအသုတ်ရောက်ရှိလာသော ယူရီးယားမြေဩဇာများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြေဩဇာအရောင်းဆိုင်များသို့ ဇွန် ၃ ရက်မှစတင်၍ ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ပြီး တောင်သူ လက်ဝယ်သို့ ဇွန် ၇ ရက်မှ ၁၅ ရက်အတွင်း စတင်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယူရီးယားမြေဩဇာလိုအပ်ချက်မှာ ကြီးမြင့်နေသေးသည့်အတွက် လိုအပ်သောမြေဩဇာများကို ထပ်မံတင်သွင်းရေးကိုလည်း ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရက စီစဉ်ဆောင်ရွက်သည့် ယူရီးယားမြေဩဇာဈေးနှုန်းသက်သာစွာဖြင့် အချိန်မီဖြန့်ဖြူးရောင်းချနိုင်ရေး လုပ်ငန်းအစီအစဉ်တွင် သက်ဆိုင်ရာဒေသအတွင်း မြို့နယ်ဖြန့်ဖြူး ရောင်းချရေးကော်မတီများ ဖွဲ့စည်းပေးခြင်း၊ မြေဩဇာသယ်ယူဖြန့်ဖြူးမည့် ကိစ္စရပ်များ အဆင်ပြေချောမွေ့အောင် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ မြေဩဇာအဝင်အထွက် လက်ကျန် စာရင်းများစိစစ်ကြီးကြပ်ခြင်း စသည့်လုပ်ငန်းစဉ်များတွင် ပေါင်းစပ်ကူညီဆောင်ရွက်ပေးကြရန် ယင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။