Trending Now

သူလျှိုလုပ်နေတဲ့ ဂျပန်အမျိုးသားတစ်ဦးကို တရုတ်က ဖမ်းဆီး

Spread the love

သူလျှိုလုပ်နေတဲ့ ဂျပန်အမျိုးသားတစ်ဦးကို တရုတ်က ဖမ်းဆီး

EPN
နိုင်ငံတကာ၊ မတ် ၂၈

ဂျပန်က နိုင်ငံသား တစ်ဦးကို ပြန်လွတ်ပေးဖို့ တရုတ်ကို တောင်းဆိုခဲ့ပြီးနောက် သူလျှိုလို့ သံသယရှိထားတဲ့ ဂျပန်အမျိုးသားတစ်ဦးကို ဖမ်းဆီးထားတယ်လို့ တရုတ်အာဏာပိုင်တေက အေအဖ်ပီကို ပြောပါတယ်။

“သက်ဆိုင်ရာ တရုတ်အာဏာပိုင်တွေဟာ ဒီလအတွင်း ဂျပန် နိုင်ငံသားတစ်ဦးကို တရားဥပဒေနဲ့အညီ ရာဇဝတ်မှုဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ဒီဂျပန်နိုင်ငံသားဟာ သူလျှိုလုပ်မှု၊ ရာဇဝတ်မှုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သူလျှိုဆန့်ကျင်ရေးဥပဒေတို့ကို ချိုးဖောက်ပြီး သူလျှိုလှုပ်ရှားမှုတွေမှာ ပါဝင်နေတယ်လို့ သံသယရှိထားပါတယ်” ဟု မော်က ပြောကြားခဲ့ပါတယ်။

“တရုတ်နိုင်ငံဟာ တရားဥပဒေစိုးမိုးမှုအောက်မှာရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံရှိ နိုင်ငံခြားသားအားလုံးဟာ တရုတ်နိုင်ငံရဲ့ ဥပဒေတွေကို လိုက်နာရမှာဖြစ်ပြီး ပြစ်မှုကျူးလွန်သူတွေကို ဥပဒေနဲ့အညီ အရေးယူသွားမှာပါ” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူ ဟီရိုကူဇ မတ်ဆန်နို က “ယခုလအတွင်း အသက်ငါးဆယ်ကျော် ဂျပန်အမျိုးသားတစ်ဦးကို ဘေဂျင်းက ဖမ်းဆီးထိန်းသိမ်းထားတယ်” လို့ တနင်္လာနေ့အစောပိုင်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အဆိုပါ ဂျပန်နိုင်ငံသားရဲ့ အထောက်အထား၊ ရာဇဝတ်မှု၊ အဖမ်းခံရချိန်နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မတ်ဆန်နို က ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သိပြီးကတည်းက ဂျပန်အစိုးရက ဒီဂျပန်နိုင်ငံသားကို ချက်ချင်းလွှတ်ပေးဖို့ ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့ပါတယ်” မတ်ဆန်နို က ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလမှာလည်း တရုတ်အာဏာပိုင်တွေက သူလျှိုလုပ်နေတယ်လို့ သံသယရှိတဲ့ ဂျပန်ပါမောက္ခတစ်ဦးကို ဖမ်းဆီးခဲ့ပြီး ပြန်လွတ်ပေးခဲ့ပါသေးတယ်။

အလားတူ ၂၀၂၀ ခုနှစ်ကလည်း ဂျပန်နိုင်ငံက တက္ကသိုလ်မှာ ပါမောက္ခအဖြစ် လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတစ်ဦးကို ဂျပန်အာဏာပိုင်တွေက သူလျှိုသံသယမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။

Ref; AFP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။