Trending Now

ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းများစစ်ဆေးရေကော်မတီ ဥက္ကဌ ဦးမျိုးဆွေနှင့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့ ဆောက်လုပ်နေသည့် အဆောက်အဦးနှင့် လမ်းသစ် ကတ္တရာခင်းခြင်း လုပ်ငန်းများကို လိုက်လံစစ်ဆေး

Spread the love

ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းများစစ်ဆေးရေကော်မတီ ဥက္ကဌ ဦးမျိုးဆွေနှင့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့ ဆောက်လုပ်နေသည့် အဆောက်အဦးနှင့် လမ်းသစ် ကတ္တရာခင်းခြင်း လုပ်ငန်းများကို လိုက်လံစစ်ဆေး

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၀ (၂၀၂၄)

ကချင်ပြည်နယ်အစိုးရ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး၊ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းများ စစ်ဆေးရေးကော်မတီ ဉက္ကဌ ဦးမျိုးဆွေနှင့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့သည် ယနေ့ မနက်ပိုင်းအချိန်က မြစ်ကြီးနားမြို့နယ်အတွင်း ဆောက်လုပ်နေသည့် အဆောက်အဦးနှင့် လမ်းသစ် ကတ္တရာခင်းခြင်း လုပ်ငန်းများကို လိုက်လံစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၃ – ၂၀၂၄ ဘဏ္ဍရေးနှစ် ပြည်နယ်အစိုးရ၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်နေသည့် မြို့တော်ခန်းမအဆောက်အဦးနှင့် မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ရန်ပုံငွေဖြင့် လုပ်ဆောင်နေသည့် လမ်းသစ်
ကတ္တရာခင်းတို့အား ကချင်ပြည်နယ်အစိုးရ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး၊ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းများ စစ်ဆေးရေးကော်မတီ ဉက္ကဌ ဦးမျိုးဆွေနှင့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် အပါအဝင် အရည်အသွေးစစ်ဆေးကော်မတီ အဖွဲ့ဝင်များဖြင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများက လိုက်လံစစ်ဆေးခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

” အသစ်တည်ဆောက်နေတဲ့ မြို့တော်ခန်းမ အဆောက်အဦး၏ လုပ်ငန်းပြီးစီးမှုအခြေအနေနဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်း အမြန်ဆုံးပြီးစီးအောင် လုပ်ဆောင်ကြဖို့နဲ့ အရည်အသွေး ပြည့်မီစေဖို့ လိုက်လံစစ်ဆေးခဲ့တယ်။ ပြီးတော့ မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရဲ့ ရန်ပုံငွေနဲ့ လုပ်ဆောင်နေတဲ့ လမ်းသစ်ခင်းပေးခြင်း၊ မြေထိန်းနံရံပြုလုပ်နေခြင်းတွေနဲ့ ကမ်းနားလမ်းက သံပန်းလက်ရန်း တပ်ဆင်ပေးခြင်းတို့ကို လိုက်လံစစ်ဆေးခဲ့တယ် ” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ လုပ်ငန်းများကို သတ်မှတ်ထားသည့် အချိန်၊ ကာလအတွင်း အမြန်ဆုံးပြီးစီမှု ရှိစေရန်နှင့် သတ်မှတ်ထားသည့် အရည်အသွေး၊ စံချိန်စံညွှန်းများအတိုင်း လုပ်ဆောင်ကြရန် ကချင်ပြည်နယ်အစိုးရ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းများ စစ်ဆေးရေးကော်မတီ ဉက္ကဌ ဦးမျိုးဆွေက ထည့်သွင်းပြောကြားခဲ့သည်။

ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းများ စစ်ဆေးရေးကော်မတီ ဉက္ကဌ ဦးမျိုးဆွေ နှင့် ပြည်နယ်သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင် အပါအဝင် အရည်အသွေးစစ်ဆေးရေးကော်မတီ အဖွဲ့အဝင်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများက ၂၀၂၃ – ၂၀၂၄ ဘဏ္ဍရေးနှစ် ပြည်နယ်အစိုးရ၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မြို့တော်ခန်းမဆောင် တည်ဆောက်ခြင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃ – ၂၀၂၄ ရန်ပုံငွေဖြင့် လုပ်ဆောင်နေသည့် လမ်း၊ မြေထိန်းနံရံ၊ သံပန်းလက်ရန်း ပြုလုပ်ခြင်းတို့အား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။