Trending Now

အမေရိကန်တပ်ဖွဲ့များ ရုတ်သိမ်းရေးကတိကဝတ် အမေရိကန်နှင့်အီရတ် အတည်ပြု

Spread the love

အမေရိကန်တပ်ဖွဲ့များ ရုတ်သိမ်းရေးကတိကဝတ် အမေရိကန်နှင့်အီရတ် အတည်ပြု

EPN
နိုင်ငံတကာ၊ ဇွန် ၁၂

အီရတ်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက် လျော့ချမည့်ကတိကဝတ်ကို အမေရိကန်နှင့် အီရတ် နိုင်ငံတို့က အတည်ပြုလိုက်ပြီဖြစ်သည်။

ယမန်နေ့ကထုတ်ပြန်သည့် အမေရိကန်-အီရတ် မဟာဗျူဟာမြောက် ဆွေးနွေးမှုဆိုင်ရာ ပူးတွဲကြေညာ ချက်အရ အမေရိကန်နိုင်ငံအား လာမည့်လများအတွင်း အီရတ်နိုင်ငံရှိ တပ်ဖွဲ့များကို ဆက်လက်လျော့ချခွင့်ပြ သည့် အိုင်အက်စ်အဖွဲ့အား အမြစ်ပြတ်ချေမှုန်းရေးတွင် အောင်မြင်မှုရရှိခဲ့မှုကို နှစ်နိုင်ငံစလုံးက အသိအမှတ်ပြုခဲ့ သည်။

ခိုင်မာသော နှစ်ဦးနှစ်ဖက် အကျိုးစီးပွားများအပေါ် အခြေခံ၍ နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာဆက်ဆံရေးတစ် ရပ် တည်ဆောက်ရေး အလေးထားနေချိန်တွင် အမေရိကန်နိုင်ငံက အီရတ်နိုင်ငံရှိ ကျန်ရှိသောတပ်ဖွဲ့များ၏ အခြေ အနေကို အီရတ်အစိုးရနှင့် ထပ်မံ ဆွေးနွေးမည်ဟု ထုတ်ပြန်ချက်က ဖော်ပြခဲ့သည်။

အီရတ်နိုင်ငံတွင် အမြဲတမ်း စစ်ဘက်အခြေစိုက်စခန်းများ သို့မဟုတ် အမြဲတမ်း တပ်ဖွဲ့ထားရှိရေး မလုပ် ဆောင်ဟူသော ကတိကဝတ်ကို အမေရိကန်နိုင်ငံက ထပ်လောင်းပြောဆိုခဲ့သလို နိုင်ငံတကာညွန့်ပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ၄င်းတို့ကိုလက်ခံထားရှိသော အီရတ်စခန်းများကို ကာကွယ်စောင့်ရှောက်ရန် သံန္နိဌာန်ချထားဆဲ ဖြစ်ကြောင်း အီရတ်အစိုးရက ပြောကြားသည်။

အမေရိကန်နှင့် အီရတ်နိုင်ငံက စီးပွားရေးနှင့် စွမ်းအင်နယ်ပယ်များအပြင် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များ တွင် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်လုပ်ဆောင်မည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

–ကိုးကား–
ဗွီအိုအေ
Ref; US, Iraq Affirm Their Commitment to US Troop Withdrawal


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။