Trending Now

ဖားကန့်မြို့နယ် မနမှော်ကျေးရွာအနီး  ကုမ္ပဏီစွန့်ပစ်မြေစာပုံ ပြိုကျကာ ရေမဆေးသမားတစ်ဦး သေဆုံး

Spread the love

ဖားကန့်မြို့နယ် မနမှော်ကျေးရွာအနီး  ကုမ္ပဏီစွန့်ပစ်မြေစာပုံ ပြိုကျကာ ရေမဆေးသမားတစ်ဦး သေဆုံး

EPN
မြစ်ကြီးနား၊ မတ်၇ (၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနမှော်အနီး မတ်လ (၅)ရက်နေ့၊ နံနက်ပိုင်းက ရေမဆေးကျောက်ရှာဖွေနေသူ အမျိုးသားတစ်ဦး ကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံတွင် မြေစာပိကာ သေဆုံးခဲ့ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

အမြင့်ပေ (၂၀၀)ခန့်ရှိသည့် ကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံတွင် ရေမဆေးကျောက်ရှာဖွေနေစဉ် စွန်ပစ်မြေစာ ပြိုကျကာ သေဆုံးသွားခဲ့ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

” ရေမဆေးသမားတွေက ပုံမှန်တိုင်းပဲ စွန့်ပစ်မြေစာပုံတွေမှာ ရှာဖွေနေရင်း မြေစာပုံက ပြိုကျလာတာ။ မြေစာပုံကမြင့်တော့ မြေပိအားကလည်း များတယ်။ လွတ်တဲ့လူတွေကလည်း လွတ်သွားတယ်။ (၄)ယောက်လောက်တော့ ထိခိုက်ဒဏ်ရာရခဲ့တယ်။ တစ်ယောက်ကတော့ မြေစာပုံအောက်ရောက်ပြီး သေဆုံးသွားခဲတယ် ” ဟု ၎င်းကပြောသည်။

သေဆုံးသူမှာ အသက် ၄၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး၊ ဦးခေါင်းပေါက်ဒဏ်ရာနှင့် ခြေထောက် ကျိုး ဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ (၄)ရက်နေ့ကလည်း မှော်စီစာကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာသွန်ချိန် ကျောက်ခဲထိမှန်ကာ ရေမဆေးကျောက်ရှာဖွေသူ အမျိုးသားတစ်ဦး ဦးခေါင်းထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။