Trending Now

ဗန်းမော်မြို့နယ် စီဟဲကျေးရွာ (၅)မိုင်စုပေါင်းစစ်ဆေးရေးဂိတ်တွင် ကျပ်သိန်း သုံးရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

ဗန်းမော်မြို့နယ် စီဟဲကျေးရွာ (၅)မိုင်စုပေါင်းစစ်ဆေးရေးဂိတ်တွင် ကျပ်သိန်း သုံးရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
ဗန်းမော်၊ မတ်လ ၂၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် စီဟဲကျေးရွာ (၅)မိုင် စုပေါင်းစစ်ဆေးဂိတ်တွင် မတ်လ (၂၃)ရက်နေ့ ညနေ ၃နာရီ အချိန်တွင် ကားဖြင့်သယ်ဆောင်လာသည့် ကျပ်သိန်းသုံးရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မံစီမြို့နယ်မှ ဗန်းမော်မြို့နယ်အတွင်းသို့ အမျိုးသား (၃) ဦး မောင်းနှင်း လာသည့် HAVAL အမျိုးအစား ခဲရောင် မော်တော်ယာဉ် အား မူးယစ်သတင်းများအရ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများ ကြိုတင်စောင့်ဆိုင်း ရပ်တန့်စစ်ဆေးရှာဖွေရာ ကားဝဲယာ ဖောင်းလိုင်းအတွင်း၊ ယာဉ်ရှေ့ခန်း ဝဲယာ ခြေနင်း ကြမ်းခင်းအောက် အံဝှက်အတွင်း၊ ယာဉ် နောက်ခန်း ကားဘော်ဒီ ဘေးခြမ်းပဲယာ အတွင်းမှ သို ဝှက်ထည့်သွင်း သယ်ဆောင်လာသည့် ဘိန်းဖြူဟု ယူဆရသော ဖြူဝါကြားမှုန့် ဆပ်ပြာခွက် (၁၅၀)ခွက်၊ အလေးချိန် (၁ ဒဿမ ၁၅) ကီလိုဂရမ်၊ ကာလတန်ဖိုး ကျပ်သိန်း(၃၃၇ ဒဿမ ၅) အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် HAVAL အမျိုးအစား ခဲရောင်မော်တော်ယာဉ်၌ ပါရှိသည့် ယာဉ်မောင်း ဂွန်းဆန် (ဘ) ဦးလရှီးနော်၊ ဆိုင်းနော် (ဘ) ဦးလဆန် ၊ ဇော်ဂွန်းမိုင် (ဘ) ဦးလရိန် တို့ အား သက်ဆိုင်ရာ တာဝန်ရှိသူများက အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။