Trending Now

KIA ၊ KIO လက်နက်ကိုင်အဖွဲ့ ထောင်ထားသည့် မိုင်းနင်းမိ၍ အပြစ်မဲ့ လီဆူ အမျိုးသားနှစ်ဦး ခြေ‌ချင်းဝတ် ပြတ်ရှဒဏ်ရာ ပြင်းထန်စွာရရှိ

Spread the love

KIA ၊ KIO လက်နက်ကိုင်အဖွဲ့ ထောင်ထားသည့် မိုင်းနင်းမိ၍ အပြစ်မဲ့ လီဆူ အမျိုးသားနှစ်ဦး ခြေ‌ချင်းဝတ် ပြတ်ရှဒဏ်ရာ ပြင်းထန်စွာရရှိ

EPN
တနိုင်း၊ ဇူလိုင် ၁၂

တနိုင်းမြို့နယ်၊ ဗန်ကောက်ကျေးရွာ အနောက်ဘက် တောင်ယာသွားလမ်းတွင် KIA၊ KIO လက်နက်ကိုင်အဖွဲ့မှ မိုင်း ၉ လုံး ထောင်ထားခြင်းကြောင့် အပြစ်မဲ့ လီဆူအမျိုးသားနှစ်ဦး ခြေချင်းဝတ် ပြတ်ရှ အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

KIA တပ်ရင်း (၁၄)၊ လက်အောက်ခံ KIA တပ်ဖွဲ့ဝင်များသည် ဗန်ကောက်ကျေးရွာ အနောက်ဘက္ တောင်ရာသွားလမ်းတွင် ဇွန်လ ၂၈ ရက်နေ့က မိုင်း ၉ လုံးအား ထောင်ထားခဲ့ရာ အဆိုပါ မိုင်းများ ကြောင့် အပြစ်မဲ့ပြည်သူ လီဆူ အမျိုးသားနှစ်ဦး ခြေချင်းဝတ် ပြတ်ရှ ဒဏ်ရာ အသီးသီးရရှိထားကြောင်း ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

” ဇူလိုင် လ ၈ ရက်နေ့ နံနက်ပိုင်းမှာ KIA၊ PDF ပူးပေါင်းအဖွဲ့နဲ့ ကျွန်တော်တို့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ခဲ့ကြတယ် ။ တိုက်ပွဲဖြစ်ပြီးတဲ့နောက္မှာ KIA ရဲဘော် တချို့ကို အရှင်ဖမ်းမိတယ်။ ဖမ်းမိတဲ့ KIA ရဲဘော်ကို စစ်ဆေးမေးမြန်လိုက်တော့ ဗန်ကောက် အနောက်ဘက် တောင်ယာသွားလမ်းမှာ မိုင်းကိုးလုံး ထောင်ခဲ့တယ်လို့ ဝန်ခံတယ်။ အဲ့မိုင်း ၉ လုံးမှာ ‌နှစ်လံုးကို အပြစ်မဲ့ပြည်သူ နှစ်ဦး နင်းမိလို့ ထိခိုက်ခဲ့တယ်။ ပြီးတော့ KIAထောင်တဲ့ မိုင်းကို KIA ပြန်နင်းမိလို့ သေဆုံးသူလည်း ရှိထားတယ် ” ဟု ၎င်းကပြောသည်။

ဇွန်လ ၂၉ ရက်နေ့တွင် ဝါရာဇွတ်ကျေးရွာအုပ်စု စံပြကျေးရွာနေ၊ ငွားမော်ဆား အသက် ၁၈ နှစ်နှင့် နော်လီဆာ အသက် ၃၀ ခန့်သည် လယ်ယာအသီးသီးသို့အလုပ်သွားနေချိန် KIA လက်နက်ကိုင် ထောင်ထားသည့် မိုင်း၂ လုံးနင်းမိပေါက်ကွဲခဲ့ပြီး ခြေချင်းဝတ်ပြတ်ဒဏ်ရာများရရှိ၍ မြစ်ကြီးနား စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မိုင်းနင်း မိသည့် လီဆူ အမျိုးသားနှစ်ဦးအား သွားရောက် သယ်ဆောင်ကူညီပေးခဲ့သည့် အသင်းတော် ဆရာများနှင့် ရွာသူ၊ ရွာသားများကို KIA တပ်ဖွဲ့ဝင်များက ထပ်မံဖမ်းဆီးနှိပ်စက်ခဲ့ပြီး ဖုန်းများပါ သိမ်းယူခြင်းများပြုလုပ်ကာ ညမိုးချုပ်သည်မှ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

KIA လက်နက်ကိုင်အဖွဲ့ထောင်ထားသည့် မိုင်းများ ကျန်ရှိနေသေးကြောင်း သိရပြီး၊ အဆိုပါ မိုင်းများအား ရှင်းလင်းပေးရန် အခက်အခဲများ ရှိနေကာ လက်ရှိအချိန်တွင် ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့နှင့် KIA လက်နက်ကိုင်အဖွဲ့တို့ စစ်ရေး အခြေအနေအရ တင်းမာလျက်ရှိနေကြောင်း သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။