Trending Now

လူနေအိမ် နှစ်လုံးနှင့် အိမ်စီးကားများကို ပျက်စီးစေခဲ့သည့် ဆယ့်နှစ်ဘီးယာဉ်မောင်းကို ဥပဒေအရ အရေးယူ

Spread the love

လူနေအိမ် နှစ်လုံးနှင့် အိမ်စီးကားများကို ပျက်စီးစေခဲ့သည့် ဆယ့်နှစ်ဘီးယာဉ်မောင်းကို ဥပဒေအရ အရေးယူ

EPN
ဖားကန့်၊ ဇွန် ၂၆

ဖားကန့်ကျောက်စိမ်းမှော်ဒေသ၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာတွင် ယမန်နေ့က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လူနေအိမ် (၂)လုံးနှင့် အိမ်စီးကားများကို ပျက်စီးဆုံးရှုံးစေခဲ့သည့် ၁၂ဘီးယာဉ်မောင်းကို ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဇွန်လ ၂၅ ရက် ညနေပိုင်းက ယာဉ်မောင်း ဦးသိန်းစိုး၊ (၄၀)နှစ် မောင်းနှင်လာသော NISSAN အမျိုးအစား အဖြူရောင် (၁၂)ဘီးယာဉ် သည် ဝှေခါကျေးရွာ မှော်သစ်ကုန်းရပ်ကွက်အဆင်းလမ်းတွင် ဘရိတ်ပေါက်ပြီး နေအိမ်များသို့ ၀င်ရောက် တိုက်မိမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် နေအိမ် ဦးထွန်းမြတ် ဆိုသူ၏ နေအိမ်တွင် အိမ်ရှေ့ခြံစည်းရိုး၊ အိမ်ရှေ့ခန်းနှင့် အိမ်ခေါင်းရင်းပိုင်း ပျက်စီးခဲ့ပြီး၊ ခြံဝင်းအတွင်းရပ်ထားသည့် လင်ခရူဇာ ကားတစ်စီး အရှေ့ခြမ်းနှင့် အနောက်ခြမ်း ပျက်စီးခဲ့ခြင်း၊ ဦးထွန်းမြတ်၏ နေအိမ်ဘေး လမ်းမပေါ်တွင် ရပ်ထားသည့် ဦးခိုင်လင်းခမ်း၏ အဖြူရောင် ကလူကာ ယာဉ်တစ်စီး ရှေ့ခြမ်းကြေမွပျက်စီးခြင်း၊ ထို့အပြင် ဦးလှမောင်သာ ဆိုသူ၏ နေအိမ် ပျက်စီး နေအိမ်အနီးရပ်ထားသည့် Ligan အမျိုးအစား သုံးဘီးတစ်စီး ပျက်စီးခဲ့ပြီး၊ ဦးသိန်းစိုးမောင်းနှင်လာသည့် ၁၂ ဘီးယာဉ်မှာလည်း ခေါင်းပိုင်းကြေမွပျက်စီးခဲ့ကာ ဦးသိန်းစိုးတွင် ဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်။

အခင်းဖြစ်ပွားရာသို့ တာဝန်ရှိသူများ ရောက်ရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့် ဦးသိန်းစိုး၊ (၄၀)နှစ်၊ (ဘ) ဦးမြဟန်၊ စက်မှု(၁)၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေထိုင်အား ဝှေခါလူမှုကူညီရေးအသင်း မော်တော်ယာဉ်အကူအညီဖြင့် ဝှေခါတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး ဥပဒေအရ အရေးယူနိုင်ရေး စီစဉ်လျှက်ရှိကြောင်း သိရသည်။

နောနော်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။